Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် ယာဥ်ထိန်းရဲမေတစ်ဦး သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ခံရ

မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးငွေညှစ်နေသော ယာဥ်ထိန်းရဲမေတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ယာဥ်ထိန်းရဲများနှင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ကားနှင့် ဆိုင်ကယ်များကို ​ဖမ်းဆီး​ငွေ​တောင်းခံမှုပိုမိုဆိုးရွားလာ​ကြောင်းပြည်သူများက​ပြောသည်။ဓါတ်ပုံ-CJ

အင်ကြင်း/People’s Spring

မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးငွေညှစ်နေသော ယာဥ်ထိန်းရဲမေတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(အောက်တိုဘာ ၁၃ ရက်) ညနေ ၄ နာရီခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်း၊ ၁၂၄လမ်းနှင့် ၁၂၅လမ်းကြားတွင် ယာဥ်များအား စစ်ဆေးငွေညှစ်နေသော စစ်ကောင်စီအုပ်စုအနက် ယာဥ်ထိန်းရဲမေတစ်ဦးအနီးကပ်ပစ်ခတ်ခံရခြင်းဖြစ်သည်။

​သေနတ်ဖြင့်ပစ်ခတ်ခံရ​သောယာဥ်ထိန်းရဲမေမှာ ဒုရဲအုပ်အဆင့်ရှိသူ ဖူးပွင့်ဇော်ဖြစ်ပြီး ညာဘက်ရင်အုပ်ထိမှန် ခဲ့ကြောင်း မန္တလေးမြေပြင်အခြေအနေများရေးသားနေသည့် Voice Of Mandalay အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“မသေဖို့များတယ်။ ရင်ဝပဲထိထားတာ”ဟု အထက်ပါအဖွဲ့ဝင်က ​ပြောသည်။

သို့သော် ထိုရဲမေမှာ ရင်ညွှန့်ထိမှန်သွား၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း MDY Revolution ကမူ ဖော်ပြသည်။

ရဲ​မေ၏ ညာဘက်ရင်ညွှန်ကို ကျည်ထိမှန်ထား​သောသတင်းဓါတ်ပုံလည်း ​အောက်တိုဘာ ၁၃ ညတွင် လူမှုကွန်ယက်၌ ပျံ့နှံလာသည်။

ရဲမေပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုနှင့် လူနာတင်ယာဥ်များရောက်ရှိလာပြီး တင်းကြပ်စွာစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတွင် ယာဥ်ထိန်းရဲအပါအဝင် စစ်ကောင်စီ၏လက်နက်ကိုင်အုပ်စုများက နေ့စဥ်အဖွဲ့ပေါင်း ၁၀ ဖွဲ့ထက်မနည်းဖြင့် ဆိုင်ကယ်များအား စစ်ဆေးဖမ်း​ဆီးငွေညှစ်​နေ​ကြောင်း​ဒေသခံများက​ပြောသည်။

“တအားပါဝါပြပြီး အရမ်းဖမ်းနေတာ။ မရှိဆင်းရဲသားဆိုင်ကယ်အစုတ်လေးတွေ။ အခြေခံလူတန်းစားရဲ့ လုပ်ခလစာ လေးက နည်းနည်း။ အဖမ်းခံရတော့ အနည်းဆုံး သုံးသောင်းပေးကြရတာ။ အားလုံးမေတ္တာပို့နေကြတယ်” ဟု ​ဒေသခံတစ်ဦးကပြောသည်။

၂၀၂၃ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေကလည်းချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းမှ ဂျက်မဟု လူသိများသည့် ဒုရဲအုပ်အမျိုးသမီးသည် ၈၁ လမ်းနှင့် ၂၉ လမ်းထောင့်ရှိ ဗဟို မီးသတ်အနီးတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။

ထိုအပြင် ၂၀၂၃ ခုနှစ် ဇူလိုင်လကလည်း ၆၂လမ်းနှင့် ၂၆ လမ်းထောင့်တွင် ယာဥ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး နဲ့ စစ်ကိုင်းမြို့မှာ မနေ့ညက လက်နက်ကြီးသံတွေ နေရာအနှံ့က ကြားရကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ဆိုင်ကယ်စီးသက်ကြီးပိုင်း အမျိုးသားကြီးတစ်ဦး ဆိုင်ကယ်လုယက်ခံရချိန်မှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံကနေသိရပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်က အမျိုးသမီးတွေ၊ မိန်းကလေးတွေအပေါ် ဖိနှိပ်မှု၊ အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာလီဘန် ထိပ်ပိုင်းအရာရှိ နှစ်ဦးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့မှာငလျင်ကြောင့် ပျက်စီးသွားတဲ့တာရိုးကို သုံး လကျော်အကြာရေတက်လာချိန်မှာ ပြင်ဆင်ဖို့ စစ်​ကောင်စီရဲ့မန္ဆလေးစည်ပင်က တင်ဒါ​ခေါ်ယူနေတယ်လို့ သတင်းရရှိပါတယ်။