Connect with us

Hi, what are you looking for?

သတင်း

ဒေါက်တာ ဇော်မြင့်မောင်အားရည်ဇူးသည့် ရက်လည် အလှူ ABSDF ဌာနချုပ် ဒေါင်းတမန်စခန်း၌ ကျင်းပ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ၊ မန္တ​လေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ရည်စူးသည့် ရက်လည်အလှူကို ယနေ့ အောက်တိုဘာ ၁၃ရက် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၌ ကျင်းပခဲ့ကြောင်း ABSDFက ထုတ်ပြန်သည်။

ABSDF ဌာနချုပ် ​ဒေါင်းတမန်စခန်း၌ ​ဒေါက်တာ​ဇော်မြင့်​မောင်အတွက် ရက်လည်အလှူကို​ပြုလုပ်စဥ်။ ဓါတ်ပုံ-ABSDF

ထားမြတ်/People’s Spring

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဒုဥက္ကဋ္ဌ၊ မန္တ​လေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ရည်စူးသည့် ရက်လည်အလှူကို ယနေ့ အောက်တိုဘာ ၁၃ရက် တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်း၌ ကျင်းပခဲ့ကြောင်း ABSDFက ထုတ်ပြန်သည်။

အောက်တိုဘာ ၇ရက်တွင် ကွယ်လွန်ခဲ့သည့်ဒေါက်တာဇော်မြင့်မောင် အားရည်ဇူး၍ ABSDF ရဲဘော်များ၊ ပြည်သူ့ဂုဏ်ရည်အသင်းမှ ဒုဥက္ကဋ္ဌ ဦးဇော်ဇော်အောင်၊ ၈၈မျိုးဆက်မှ ကိုယဉ်ထွေးတို့ အတူ ပူးပေါင်း၍ ရည်ဇူးကုသိုပြုလုပ်ခဲ့ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ABSDFသည် ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းနှင့်ပတ်သက်၍ အောက်တိုဘာ ၇ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ထားရာဒေါက်တာဇော်မြင့်မောင် ဒုတိယဥက္ကဌ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ (ဝန်ကြီးချုပ် ၊ မန္တလေးတိုင်း)သည်မန္တလေး၏ ဒီမိုကရေစီတပ်မှူးကြီးအဖြစ် အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ဦးဆောင်ကာအစဉ် အဆက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ဆရာ့၏ နိုင်ငံရေး အကျင့်သီလ ရိုးသားဖြောင့်မတ်မှု၊ တိုင်းပြည်နှင့်လူမျိုးအပေါ် ထားရှိသည့် ဖြူစင်သည့် စိတ်စေတနာ ပြဌာန်းမှု။လူငယ်မျိုးဆက်သစ်များအပေါ်ထားရှိသည့်မေတ္တာ၊ စေတနာတို့ မှာ ဆရာ့ရုပ်ပုံလွှာကို ထင်ဟပ်နေစေပါသည်။ မျိုးဆက်သစ်များကို ဆရာတန်ဖိုးထားမိန့်မှာသည့် စကားများမှာ မှတ်သားစရာ ကောင်းလှပါသည်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ခံနိုင်ရည် ရှိရမယ်။ ဇွဲရှိရမယ်။ ရည်မှန်းချက် ရှိရမယ်။ ယုံကြည်ချက်ကို မဖေါက်မပြန်ရှိရမယ်။တဆင့်ချင်းတက်ရမယ်ဆိုတာ နောင်မျိုးဆက်သစ်လေးတွေ သိစေချင်ပါတယ်။” ဟု ABSDF၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

ABSDFသည်NCA လက်မှတ်ရေးထိုးခဲ့သည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီးစစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူနှင့်အတူ ရပ်တည်ကာ ကချင်၊ ကရင်၊ မွန်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး စသည့် နေရာဒေသများ၌ အခြားတော်လှန်ရေးတပ်များနှင့်ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်)-ABSDF အမှတ်-၂ စစ်ကြောင်း၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲသို့ မဟာမိတ်တပ်ဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း ABSDFက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

ဧပြီ ၁၈၊၂၀၂၅။ယောနသံ/People’s Spring ကလေး − ဂန့်ဂေါလမ်းပိုင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးစခန်း ငါးခု သိမ်းပိုက်ခဲ့သည့်စစ်ဆင်ရေးများအတွင်း ပါဝင်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လာကြသည့် ကျောင်းသားတပ်မတော် ABSDF ရဲဘော်များနှင့် မဟာမိတ်ရဲဘော်များကို ပြည်သူများက ကြိုဆိုခဲ့ကြသည့် မှတ်တမ်းဓာတ်ပုံများကို ABSDF အမှတ်(၃) စစ်ကြောင်းက ထုတ်ပြန်သည်။ ချင်းအမျိုးသားတပ်မတော်...

သတင်း

အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူး အခါကာလမရှောင် နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ်နေသော စစ်ခေါင်းဆောင်အား အာဆီယံခေါင်းဆောင်များက တွေ့ဆုံဆွေးနွေးမည့်အပေါ် များစွာ အထူးစိုးရိမ်မကင်း ဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုများက ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့ကြသည့် ကျောင်းသားတပ်မတော်(ABSDF) တပ်ဖွဲ့ဝင်များ၏ အောင်ပွဲခံမှတ်တမ်းကို ABSDFက ယနေ့(ဧပြီ ၉ရက်) ထုတ်ပြန်သည်။