Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့နယ် လေကြောင်းတိုက်ခိုက်မှု တစ်ဦးထပ်မံ သေဆုံး၊ စုစုပေါင်း သေဆုံးသူ ၄ဦးရှိလာ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တာပ္ပါယ် ကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် တစ်ဦးထပ်မံ သေဆုံးပြီး ယ​နေ့နံနက်ပိုင်းအထိ ကလေးနှစ်ဦးအပါအဝင် သေဆုံးသူ လေးဦးအထိရှိလာကြောင်း ဒေသခံများက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်အချို့အား တွေ့ရစဥ်။ဓါတ်ပုံ-ရွှေညာမြေ

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ တာပ္ပါယ် ကျေးရွာ လေကြောင်းတိုက်ခိုက်မှုတွင် တစ်ဦးထပ်မံ သေဆုံးပြီး ယ​နေ့နံနက်ပိုင်းအထိ ကလေးနှစ်ဦးအပါအဝင် သေဆုံးသူ လေးဦးအထိရှိလာကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၁ရက် ည ၉နာရီခန့်က နွားထိုးကြီးမြို့နယ်၊ တာပ္ပါယ်ကျေးရွာကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချတိုက်ခိုက်ရာ အသက် (၂၅)နှစ်အရွယ် မနွယ်နီထွန်း၊ အသက် (၁၅)နှစ်အရွယ် မောင်အီတိုးနောင်နှင့် အသက်(၄) နှစ်အရွယ် မမိုးပြည့်တို့ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကလေး သုံးဦးအပါအဝင် ပြည်သူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာရသူ ၉ ဦးအနက် ယနေ့နံနက်တွင် တစ်ဦးထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၄ ဦးအထိရှိလာကြောင်း နွားထိုးကြီးမြို့နယ်မြေအခြေအနေရေးသားနေသော ရွှေညာမြေစာမျက်နှာ၏ သတင်းတာဝန်ခံက ပြောသည်။

“သေဆုံးထိခိုက်သူတွေက ဆွေမျိုးတော်စပ်သူတွေပါမယ်။ အတိအကျတော့မသိရဘူး။”ဟု ၎င်းက ပြောသည်။

ထို့အပြင် နှစ်ထပ်တိုက်တစ်လုံးအပါအဝင် နေအိမ် ၂လုံးလည်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ရက်ကပင် မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ သံဃာတော် သုံးပါးနှင့် ကလေးသူငယ်များအပါအဝင် ပြည်သူ ၁၂ဦးသေဆုံးခဲ့ရပြီး ၃၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များရှိ စစ်ကောင်စီတပ်စွဲရာနေရာအများအပြား တိုက်ခိုက်ခံရပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားပါ ပြိုလဲခဲ့သည်။ စစ်ကောင်စီကလည်း ကျေးရွာအများအပြားအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ပြည်သူထိခိုက်သေဆုံးမှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။