Connect with us

Hi, what are you looking for?

သတင်း

စစ်တွေထောင်မှ နိုင်ကျဉ်းများအပါအဝင်အကျဉ်းသား ၃၅ဝ ကျော်ကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသား ၃၅ဝ ကျော်ကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

ဇေအောင်/People’s Spring

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသား ၃၅ဝ ကျော်ကို ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှ ထောင်ပြောင်းရွှေ့ရန်ခေါ်ထုတ်ခံရသည့်နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဉ်းသား၃၅၁ ဦးကို အောက်တိုဘာလ ၁၀ရက်နေ့ ညနေပိုင်းကဧရာဝတီတိုင်း၊ ပုသိမ်အကျဉ်းထောင်သို့ ရောက်ရှိခဲ့ပြီး စားသောက်နေထိုင်ရေးခက်ခဲနေကြောင်း PPNMက အသိပေးသည်။

Public Service Announcement

Public Service Announcement

“၂၀၂၄ နှစ်ကုန်ခါနီးမှာဆိုရင် ခုလက်ရှိကာလမှာ စစ်တွေမြို့ပေါ်မှာပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုံခြုံရေး အပြည့်အဝယူနိုင်ဖို့အားနည်းလာတယ်။ ဒါကြောင့်မို့ အကျဥ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းသားတွေကို ပုသိမ်ဘက်ကိုအလျင်အမြန်နဲ့ ပြောင်းရွှေ့တယ်လို့ယူဆပါတယ်။”ဟု PPNM၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း စစ်တွေအကျဥ်းထောင်မှ အကျဥ်းသား ၅၀၀ ကျော် ရွှေ့ပြောင်းခံခဲ့ရသေးသည်။

ပြည်သူများအနေဖြင့် နိုင်ငံ​ရေးအကျဥ်းသားများကို မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တဆင့် ကူညီထောက်ပံ့နိုင်ပြီး ငွေကြေးပျောက်ဆုံးမှုမရှိစေဘဲ ထိရောက်စွာ ကူညီပေးနိုင်ကြောင်း လည်ူထပ်မံအသိပေးသည်။

ယခုလက်ရှိ ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA)က ​ပေါက်​တော ၊​မြောက်ဦး၊​ကျောက်​တော်၊ ​မင်းပြား ၊မြေပုံ ၊ ဘူသီး​တောင် ၊ ရ​သေ့​တောင် ၊ ပဏ္ဏားကျွန်း ၊ရမ်းဗြဲ ၊ သံတွဲ မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ ထိုအပြင် အမ်း ၊​မောင်​တော ၊ဂွမြို့နယ်တို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်​နေသည်။

​မောင်​တောမြို့နယ်တွင် နခခ ၅ သာစစ်တပ်အဓိကစခန်းကျန်ရှိ​တော့ပြီး AAကအပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

အောက်တိုဘာ ဒုတိယပတ်အတွင်း အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်​သော မဲနယ်တောင်ဗျူဟာစခန်း၊ ခမရ(၃၇၃)နှင့် အမြောက်ကုန်းကို သိမ်းယူထားသည်။

ထို့အပြင် ဧရာဝတီတိုင်းနှင့်ဆက်နေသော ဂွမြို့နယ်ရှိ လက်ကျန်စစ်ကောင်စီစခန်းများကိုလည်း AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒေသခံများက ဧရာဝတီတိုင်းအတွင်းသို့ တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။