သတင်း ၁၀၂၇စစ်ဆင်ရေးကို SSPPရည်ရွယ်ချက်ရှိရှိ နှောက်ယှက်နေဟု TNLA ထုတ်ပြန် TNLA၏ စစ်ဆင်ရေး ကြီးကြပ်သည့်အဖွဲ့မှ ကျောက်မဲမြို့ နောင်ပိန်အနီး တောင်ခြေစခန်းကို လှည့်လည် ကြီးကြပ်ရန်သွားစဉ် နောင်ပိန်လမ်းခွဲအနီးရှိ SSPP တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး ရက်စက်စွာပစ်သတ်ခြင်းခံခဲ့ရသည်ဟု ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 8, 2024
သတင်း ရမခ စစ်တိုင်းအတွင်း စစ်ရဟတ်ယာဉ်ပေါ် လူတင်နေစဉ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးရှိ ရမခ အခြေစိုက်ရာ လားရှိုးတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ယမန်နေ့ ဇူလိုင် ၇ရက်ညပိုင်းက စစ်ကောင်စီ၏ ခမရ(၅၀၇) တပ်ရင်းကို ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်။ LuduNwayOoဇူလိုင် 8, 2024
သတင်း ရှမ်းမြောက်တိုက်ပွဲ နှစ်ပတ်အတွင်း အရပ်သား ၅၀ဦးထက်မနည်း သေဆုံး၊ ၆၇ဦးထက်မနည်း ဒဏ်ရာရ အရပ်သားသေဆုံးထိခိုက်မှုမှာ TNLAက ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုများနိုင်သည်ကို ဒေသခံ သတင်းရင်းမြစ်၏ အသိပေးချက်အရ သိရသည်။ LuduNwayOoဇူလိုင် 8, 2024
သတင်း ပုလဲမြို့ကို တော်လှန်ရေးတပ်ဖွဲ့များစီးနင်းတိုက်ခိုက်ပြီး မြို့ကိုနာရီပိုင်းကြာ ထိန်းချုပ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နှင့် ပူးပေါင်းတပ်များသည် ဇွန်လ ၂၇ ရက်ကလည်း ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်စခန်း ၅ ခုအား သွားရောက်တိုက်ခိုက်ခဲ့သေးသည်။ LuduNwayOoဇူလိုင် 8, 2024
သတင်း ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတပ်ပေါင်းစု တိုက်ပွဲဆက်ဖြစ်၊ ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များကို CNF/CNA ပူးပေါင်းတပ်က ထိုးစစ်ဆင်မှုကြောင့် ဇွန်လ ၂၄ရက်မှ ဇူလိုင် ၇ရက်ထိ ပစ်ခတ်မှု ၈ကြိမ်ဖြစ်ခဲ့သည်ဟု ချင်းညီနောင်က ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 8, 2024
သတင်း လားရှိုးမြို့တွင် တိုက်ပွဲပိုပြင်းထန်၊ မြို့ခံများစစ်ဘေးရှောင်ရန် စစ်ကောင်စီပိတ်ဆို့ထား လားရှိူးမြို့မှ သီပေါမြို့သို့အထွက်လမ်းနှင့် သိန္နီမြို့ဘက်သို့အထွက်လမ်းများကို စစ်ကောင်စီက နံနက် ၁၁နာရီခန့်မှစတင်၍ပိတ်ဆို့လိုက်ခြင်းဟု စစ်ဘေးရှောင်များက ပြောသည်။ LuduNwayOoဇူလိုင် 7, 2024
သတင်း ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ်အခမ်းအနား ABSDF ကျင်းပ ပုဂ္ဂလိက စီးပွားရေးနယ်ပယ်ကိုလည်း နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဖိနှိပ်မှုတို့ကြောင့် မြန်မာ့စီးပွားရေး နယ်ပယ်သည်လည်း ပြန်လည်ဦးမော့စေရန် ခက်ခဲနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 7, 2024
သတင်း ကျောက်မဲမြို့ခံစစ်ရှောင်များ ပြန်လည်နေထိုင် ဇွန်လ ၂၅ရက်မှစတင်သည့် တိုက်ပွဲကာလ၌ ကျောက်မဲမြို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး အရပ်သားသေဆုံးမှုများလည်းရှိခဲ့သည်။ LuduNwayOoဇူလိုင် 7, 2024
သတင်း စဥ့်ကူးတွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောက်စီက တံတားများ ဖျက်ဆီး ဇူလိုင် ၄ ရက်က စဥ့်ကူးမြို့နယ်ရှိ လက်ပန်လှရဲစခန်းနှင့် အခြားပျူစခန်းငယ်တစ်ခုကို မန္တလေးPDF ပူးပေါင််းတပ်များက ထပ်မံသိမ်းယူနိုင်ခဲ့သည်။ LuduNwayOoဇူလိုင် 6, 2024
သတင်း ကျောက်မဲနှင့် သီပေါ၌ TNLAနှင့် SSPPတို့ စတင်ပစ်ခတ်မှု အပြန်အလှန်စွပ်စွဲ သီပေါမြို့နယ်၊ ကြံခင်းကျေး ရွာအုပ်စု၊ ကြံခင်းကျေးရွာ အတွင်း၌လည်း TNLA တပ်က SSPP/SSA တပ်ကို ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 6, 2024