Connect with us

Hi, what are you looking for?

သတင်း

မတရားဖမ်းဆီးထားသူများကို ချက်ခြင်းလွှတ်ပေးရန်၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်သွားရန် အမေရိကန်တောင်းဆို

မတရားဖမ်းဆီးထားသူများကိုချက်ခြင်းလွှတ်ပေးရန်၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် သက်ဆိုင်သူများအားလုံးနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်သွားရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်သည်။

ဒေါက်တာဇော်မြင့်မောင်​၏ နာရေးအခမ်းအနားအား ယနေ့တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ထားအိ/People’s Spring

မတရားဖမ်းဆီးထားသူများကိုချက်ခြင်းလွှတ်ပေးရန်၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို ရပ်တန့်ရန်နှင့် သက်ဆိုင်သူများအားလုံးနှင့် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများပြုလုပ်သွားရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုလိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ် ဒုဥက္ကဌနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သည့်အတွက် အမေရိကန်ပြည်ထောင်စုက စိတ်ထိခိုက်ရကြောင်း ယနေ့(အောက်တိုဘာ ၈ရက်)ထုတ်ပြန်ရာ ဖော်ပြတောင်းဆိုခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်ခြင်းက အားလုံးပါဝင်နိုင်သော အများကိုကိုယ်စားပြုနိုင်သောဒီမိုကရေစီတစ်ရပ်အတွက် တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုများအကြောင်း မိမိတို့ကို အမှတ်ရစေပါသည်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်(NLD)ဒုဥက္ကဌ-၂ နှင့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် အသက် (၇၃)နှစ် အရွယ် ၂၀၂၄ အောက်တိုဘာ ၇ရက် နံနက်အစောပိုင်းတွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။

သွေးကင်ဆာရောဂါခံစားနေရသူ ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းသည့်နေ့တွင်ပင် ဖမ်းဆီးခံခဲ့ရပြီး မတရားသဖြင့် ထောင်ဒဏ် ၂၉နှစ် ချမှတ်ခံခဲ့ရသည်။

ကင်ဆာရောဂါခံစားနေမှန်း သိလျက်နှင့် စစ်အုပ်စုသည် ဒေါက်တာဇော်မြင့်မောင်အား ရောဂါအခြေအနေနှင့် ကိုက်ညီသော လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများမပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဆောင်ရွက်ရာတွင် အရေးပါသော ကဏ္ဍမှပါဝင်ခဲ့သော ဒေါက်တာဇော်မြင့်မောင်သည် အမေရိကန်ပြည်ထောင်စု၏ အဖိုးတန် မိတ်ဘက်တစ်ဦးဖြစ်ကြောင်းလည်း အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုက ထုတ်ပြန်သည်။

ထို့အပြင် ပြည်သူများအားလုံး၏ အခွင့်အရေးကို လေးစားခြင်းနှင့် တိုင်းပြည်အနာဂတ်အတွက် ၎င်းတို့၏ ပြောရေးဆိုခွင့်ကို သေချာမှုရှိစေခြင်းတို့ကသာ မြန်မာနိုင်ငံကို လက်ရှိအကြပ်အတည်းမှ ကျော်လွန်နိုင်စေလိမ့်မည်ဟု အမေရိကန်ပြည်ထောင်စုက ဆိုသည်။

နိုင်ငံရေးခေါင်းဆောင်များသည် နိုင်ငံရေးဖြစ်စဉ်များတွင် လွတ်လပ်စွာပါဝင်နိုင်ကြရမည်ဟု ဆက်လက်တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။