Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးမြို့သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲနေ

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(အောက်တိုဘာ ၈ရက်)နံနက်ပိုင်းတွင် သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီသည် နေ့လည်ပိုင်းကစတင်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက (အောက်တိုဘာ ၈ရက်) သိမ်းပိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ

လူအေး/People’s Spring

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့(အောက်တိုဘာ ၈ရက်)နံနက်ပိုင်းတွင် သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီသည် နေ့လည်ပိုင်းကစတင်၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏတိုက်ခိုက်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲကို သြဂုတ် ၁၇ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” စခန်းအသေးတွေကို လက်လွှတ်လိုက်ရပြီးတဲ့နောက် စစ်ကောင်စီက ရဲစခန်းမှာ အခိုင်မာတပ်စွဲပြီး ခံစစ်ပြင်ခဲ့တာပါ။ သူတို့ကို လနဲ့ချီပြီး ရိက္ခာဖြတ်တောက်ခဲ့ပါတယ်။ ဒီကြားထဲမှာ တိုက်ပွဲတွေလည်း အပြင်းအထန်ဖြစ်ခဲ့ပြီး ကိုယ့်ဘက်ကထိခိုက်မှုတွေလည်းရှိခဲ့တယ်။ စစ်အုပ်စုက တောင့်မခံနိုင်တော့တဲ့အတွက် လက်နက်ချတာပါ”ဟု စစ်ကိုင်းတိုင်းမှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ ရက်ပေါင်း ၅၃ရက်တိတိကြာမြင့်ခဲ့ပြီး စစ်သုံ့ပန်းအများအပြားဖမ်းမိထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုဝင်များအား ၎င်းတို့သွားလိုသည့် ဝန်းသိုမြို့သို့ ပို့ဆောင်ရန် ပြင်ဆင်နေကြောင်း အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဝန်းသိုမြို့သည် ပင်လယ်ဘူးမြို့နယ်ထိဆက်နေပြီး စစ်ကောင်စီ၏ ခမရ(၁၀၂)အခြေစိုက်သည်။

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိထားကာ စစ်သုံ့ပန်း ၅၀ခန့် ဖမ်းမိထားကြောင်း သတင်းရရှိသည်။

ပင်လယ်ဘူးမြို့သိမ်းနိုင်ပြီဖြစ်ပြီး ၎င်းတို့တပ်ရင်းမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၁၂)မှ တာဝန်ရှိသူတစ်ဦးက အသိပေးထားသည်။

“ပင်လည်ဘူး ရတာဟုတ်တယ်။ ရှင်းလင်းရေးတွေ လုပ်နေတယ်။ အသေးစိတ်ကိုတော့ ကာကွယ်ရေူဝန်ကြီးဌာနဘက်က အသေးစိတ်ထုတ်ပြန်မှာပါ”ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝဣ်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့ညနေ ၃နာရီခွဲအချိန် နောက်ဆုံးရရှိထားသောသတင်းများအရ မိတ္ထီလာလေတပ်မှတက်လာသည့် စစ်ကောင်စီလေယာဉ်များက ပင်လည်ဘူးမြို့ကို ပစ်ခတ်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။