Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးတိုက်ပွဲစစ်ကူသွားသည့် ဂန့်ဂေါမြို့ ခလရ(၅၀)တပ်စစ်ကြောင်းမှ ဗိုလ်မှူးနှစ်ဦးအပါအဝင် ၁၀ဦးထက်မနည်းသေဟုဆို

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တိုက်ပွဲ စစ်ကူသွားသည့် ဂန့်ဂေါမြို့ခလရ(၅၀)တပ် စစ်ကြောင်းမှ ဗိုလ်မှူးနှစ်ဦးအပါအဝင် ၁၀ဦးထက်မနည်းသေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ပင်လည်ဘူးဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - Pinlebu Revolution - PR

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့တိုက်ပွဲ စစ်ကူသွားသည့် ဂန့်ဂေါမြို့ခလရ(၅၀)တပ် စစ်ကြောင်းမှ ဗိုလ်မှူးနှစ်ဦးအပါအဝင် ၁၀ဦးထက်မနည်းသေဆုံးကြောင်း ဒေသခံသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

စက်တင်ဘာ ၂၂ ရက်တွင် ဂန့်ဂေါမြို့ ခလရ(၅၀)မှ အင်အား ၅၀ခန့်ကို ရဟတ်ယာဥ်ဖြင့်ခေါ်ဆောင်ပြီး ပင်လည်ဘူးမြို့သို့ ပို့ဆောင်ခဲ့ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ပင်လည်ဘူးမြို့မြေပြင်တိုက်ပွဲအတွင်း ခလရ(၅၀)မှ ဗိုလ်မှူး ခန့်မင်းကိုမှာ စက်တင်ဘာ ၂၇ ရက်တွင် ကျည်ထိမှန်သေဆုံးပြီး စက်တင်ဘာ ၂၉ ရက်တွင်လည်း ဗိုလ်မှူးဖြိုးကိုကိုဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

” ခုစစ်ကူပို့ခံလိုက်ရတဲ့သူတွေထဲက ၁၀ ယောက်ကျော် ကျသွားပြီလို့တော့ သိရတယ်။ ဖြိုးကိုကိုဦးဟာ စက်တင်ဘာလ ၂၇ ရက်နေ့ကတည်းက ဒဏ်ရာရခဲ့တာ။ စက်တင်ဘာ ၂၉ ရက်နေ့မှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်”ဟု ဂန့်ဂေါမြို့ခံ ကိုဘကောင်းက ပြောသည်။

လက်ရှိတွင် ဂန့်ဂေါမြို့ခလရ (၅၀)၌ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများမရှိဘဲ ဗျူဟာမှူးဖြစ်သူကတပ်ကို အဓိကအုပ်ချုပ်နေပြီး တပ်တွင်းသတင်းများပေါက်ကြားမှုကြောင့် ဖုန်းသုံးစွဲမှုများကိုလည်း ကန့်သတ်ထားသည်ဟု ကြားရကြောင်း ၎င်းက အသိပေးသည်။

အမှတ်(၁)စစ်​ဒေသနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG၊ ကာကွယ်​ရေးဝန်ကြီးဌာနကွပ်ကဲမှုဖြင့် PDFနှင့် မဟာမိတ်တပ်​များ ထိုးစစ်ဆင်​နေသည့် ပင်လည်ဘူးမြို့ရှိ စစ်တပ်စခန်း​များအား ယနေ့နံနက်ပိုင်းတွင် အပြီးသတ်သိမ်းပိုက်ပြီး ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ပြီဟု စစ်​ရေးသတင်းရင်းမြစ်အချို့က ​လူထုနွေဦးသို့ ပြောသည်။

သြဂုတ်လလယ်ပိုင်းကစပြီး ပင်လည်ဘူး ၊အင်း​တော်၊ထီးချိုင့် မြို့​များအား PDFနှင့် မဟာမိတ်တပ်​များက တပြိုင်နက် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၈ ရက်နံနက်အ​စောပိုင်းတွင် ပင်လည်ဘူးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဟု စစ်​ရေးသတင်းရင်းမြစ် ၃ ဦးက အတည်ပြုသည်။

“စစ်ကိုင်း မြောက်ပိုင်း ပင်လည်ဘူး မြို့ကို KIA/PDF ပူးပေါင်းတပ်ဖွဲ့များ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါပြီ။ ပင်လည်ဘူးမှာနောက်ဆုံးကျန်နေတဲ့ စခန်းတွေ သိမ်းရတာ ဟုတ်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ဂန့်ဂေါမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားနဲ့ ကျန်းကျန်းမာမာရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တော်လှန်ပြည်သူတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့အတွက် "Proof of life" ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို ဒီကနေ့ (မေလ ၁၄ ရက်)က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ ရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုး‌ရ NUG ကာကွယ်ရေးဝန်ကြီးဌာန MODလက်အောက်ခံ အကျဉ်းထောင်ကနေ စစ်သုံ့ပန်း၂ဦးနဲ့ ပြစ်မှု အကျဉ်းသား ၁ဦးတို့ ထွက်ပြေးသွားတယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။