Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့ ဆိုင်းတောင်ရှိ စစ်ကောင်စီ၏ယာယီစခန်း လက်ကီးမန်းဟိုတယ်ကို KIAပူးပေါင်းတပ် သိမ်းပိုက်

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ဖမ်းမိဟုစစ်ရေးသတင်းရင်းမြစ်ပြော

ဆိုင်းတောင်ရွာတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် PDFရဲဘော်​၏ ဦးထုပ်အား တွေ့ရစဉ်။ ဓာတ်ပုံ - Aung Hein Min

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ် ရက်ရှည်တပ်စွဲနေသည့် လက်ကီးမန်းဟိုတယ်အား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ယနေ့နံနက်တွင် သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)ပူးပေါင်းတပ်များက စက်တင်ဘာ ၇ရက်ကတည်းက ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်ခဲ့ရာ ယနေ့ (အောက်တိုဘာ ၈ရက်)နံနက်တွင် ဆိုင်းတောင်၌ကျန်နေသည့် စစ်ကောင်စီ ယာယီစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ဒီမနက် လက်ကီးမန်းဟိုတယ်ကို အပြီးသတ်ရှင်းလင်းလိုက်ပြီ။ စခတွေမရှိတော့ဘူး။ စခ အရှင် ၂၀ကျော်ကို ဖမ်းမိထားတယ်။ အခု ထွက်ပြေးသွားတဲ့ စခတွေကို လိုက်လံရှင်းလင်းနေတယ်။ ဖမ်းမိနဲ့ သေ စခ အားလုံးပေါင်း ၄၀ကျော်တယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

KIA ပူးပေါင်းတပ်သည် ဆိုင်းတောင်ရွာရှိ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၇ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ စက်တင်ဘာ ၁၂ရက် တွင် ဆိုင်းတောင်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ ဆိုင်းတောင်ရွာတိုက်ပွဲအတွင်း PDFရဲဘော်အချို့လည်း ကျဆုံးခဲ့ရသည်ဟု သတင်းရရှိသည်။

ထို့နောက် စစ်ကောင်စီတပ်သည် လက်ကီးမန်းဟိုတယ်၌ ယာယီတပ်စွဲနေရာယူကာ ခုခံခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်အနေဖြင့် ဆိုင်းတောင်ရွာတိုက်ပွဲအတွင်း ဖားကန့်မြို့ တပ်မကုန်း(ဖားကန့်ဗျူဟာစခန်း)မှ လက်နက်ကြီးပစ်ကူပေး တိုက်ခိုက်ခုခံခဲ့သည့်အပြင် လေကြောင်းပစ်ကူလည်း အကြိမ်ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဆိုင်းတောင်ရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သည် ပြည်သူလူထုနေအိမ်များလည်း မီးရှိုဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးဆက်တိုက်ရင်ဆိုင်နေရတဲ့ ဖားကန့်မှာ ဇူလိုင်လ ၁၉ရက်ကစတဲ့ ရေ ဘေးကြောင့် လမ်းနဲ့အိမ် ပျက်စီးမှုတွေများပြားခဲ့ပြီး ဒေသခံတွေအခက်အခဲကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။