သတင်း မြဝတီမြို့သို့ ထိုးစစ်ဆင်ရန်လာသည့် အောင်ဇေယျစစ်ဆင်ရေးမှအရာရှိများ အစည်းအဝေးလုပ်နေစဥ် ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်ခံရ ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ LuduNwayOoဧပြီ 18, 2024
သတင်း လွတ်ငြိမ်းဖြင့် လွတ်လာသည့် ဒေါက်တာခလမ်ဆန်ဆွန်ကို နာရီပိုင်းအတွင်းစစ်ကောင်စီပြန်ဖမ်း ဒေါက်တာခလမ်ဆန်ဆွန်သည် ဧပြီ ၁၇ ရက်နေ့လယ်ပိုင်းတွင် မြေကြီးနားအကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး ည ၁၀နာရီခန့်တွင် မြစ်ကြီးနားမြို့ရှိ ၎င်း၏နေအိမ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ခန့်ရောက်ရှိလာပြီး ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းစုံစမ်းသိရသည်။ LuduNwayOoဧပြီ 18, 2024
သတင်း မြဝတီကို ထိုးစစ်ဆင်သည့် စစ်ကောင်စီတပ်ရာချီသေဆုံးကာ ရှေ့မတိုးနိုင်ဟု KNU ထုတ်ပြန် တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။ LuduNwayOoဧပြီ 18, 2024
သတင်း လူမျိုးဘာသာမခွဲဘဲ စစ်ရှောင်များအားကူညီကြရန် ပအိုဝ်းဒေသ ဆီဆိုင်မြို့ဆရာတော် မေတ္တာရပ်ခံ ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။ LuduNwayOoဧပြီ 18, 2024
သတင်း စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး တိုင်းရင်းသားအဖွဲ့များအား ၀တပ်ဖွဲ့ UWSA၏ ကူညီပံ့ပိုးခဲ့မှုများအပေါ် ဂုဏ်ယူကြောင်း ယာယီသမ္မတ သဝဏ်လွှာပို့ ၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။ LuduNwayOoဧပြီ 18, 2024
သတင်း ဒုတိယဗိုလ်မှူးကြီးတစ်ဦး ရှေ့တန်းလိုက်သွားပြီးနှစ်ရက်အကြာတွင် တိုက်ပွဲ၌ သေဆုံး ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ LuduNwayOoဧပြီ 17, 2024
သတင်း နောင်ချိုမြို့ သရက်ကုန်းရွာ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ လက်နက် ၄၀ကျော်နှင့်ရုပ်အလောင်း ၂၀ကျော်ရဟု မန္တလေး PDF အသိပေး သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။ LuduNwayOoဧပြီ 17, 2024
သတင်း မြဝတီလာသည်ဆိုသော အောင်ဇေယျစစ်ကြောင်း တတန်းကူးရွာအနီးမှာပင် ရှေ့တိုးနောက်ဆုတ်ဖြစ်နေ မြဝတီမြို့ကို ပြန်လည်သိမ်းယူရန် စစ်ကောင်စီတပ်၏ အားထုတ်မှုကို တွန်းလှန်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ စောတောနီးက ရိုက်တာသတင်းဌာနသို့ ပြောသည်။ LuduNwayOoဧပြီ 17, 2024
သတင်း စိတ်ကူးယဉ်ရန်မဝံ့ရဲခဲ့သည့် အောင်မြင်မှုများရရှိနေသည့်အပြင် စစ်တပ်အင်အား အချိနဲ့ဆုံးအချိန်ဖြစ်၍ တော်လှန်ရေးအောင်မြင်စွာ အဆုံးသတ်ရန် အရေးကြီးဟု NUG ဝန်ကြီးချုပ်ပြော ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။ LuduNwayOoဧပြီ 16, 2024
သတင်း ကရင်နီတပ်ပေါင်းစုက ဖားဆောင်းမြို့ရှိ ခလရ (၁၃၄) ၊ (၁၃၅)ကိုဝိုင်းထား ဖေဖော်ဝါရီ ၂၉ ရက်ကစတင်ခဲ့သည့် ဖားဆောင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီအခြေစိုက်စခန်း ၉ ခုခန့်ကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းထားနိုင်သည်။ LuduNwayOoဧပြီ 16, 2024