Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် ပျူစောထီးများလိုက်ပါလာသည့်ယာဥ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ပျူစောထီးများ လိုက်ပါလာသောယာဥ် တိုက်ခိုက်ခံရပြီး ယာဥ်ပေါ်လိုက်ပါလာသူအချို့ သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ပျူစောထီးများ လိုက်ပါလာသောယာဥ် တိုက်ခိုက်ခံရပြီး ယာဥ်ပေါ်လိုက်ပါလာသူအချို့ သေဆုံးမှုရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၁၇ရက် နံနက် ၆နာရီခွဲခန့်က စစ် ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာနှင့် ရွှေဘို-မန္တလေးလမ်းပိုင်းကြားတွင် ပျူစောထီးများလိုက်ပါလာသော ယာဥ်တစ်စီး တိုက်ခိုက်ခံရပြီး နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသမီး ၁၂ ဦးသေဆုံးပြီး ပျူစောထီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီ​၏ ဝါဒဖြန့် ချန်နယ်များက သတင်းဖြန့်ဝေနေသည်။

သို့သော် ယာဉ်ပေါ်ပါသူများ၏ ထိခိုက်သေဆုံးသည့်အရေအတွက်အား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“တောင်သူ ၁၃ယောက်၊ လက်နက်ကိုင် ပျူ သုံးယောက် ထွက်လာတာ။ လက်နက်ကိုင် အချင်းချင်းပစ်တာကနေ ကြောက်ပြီးထွက်ပြေးကြတာ မိုင်းကွင်းထဲဝင်သွားတယ်လို့သိရတယ်။”ဟု စစ်ကိုင်းမြို့နယ်ခံတစ်ဦးက ပြောသည်။

မည်သည့်အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားသည်ကိုမူ မသိရသေးဘဲ ပျူစောထီးများကိုင်ဆောင်သည့် သေနတ် ၃လက်သိမ်းဆည်းခံလိုက်ရကြောင်း ဒေသခံအချို့က ပြောသည်။

“ရွာကတော့ စကစ၊ ပျူ အခိုင်အမာ အခြေချထားတဲ့ရွာပါ။ ထိတွေ့ ဘယ်အဖွဲ့တွေနဲ့ဖြစ်လဲဆိုတာတော့ အတိအကျမသိရဘူး။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းမြို့နယ်အခြေစိုက် ကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း လက်တလောဆက်သွယ်၍ မရသေးပေ။

တိုက်ခိုက်ခံရပြီးနောက် စစ်ကိုင်းမြို့ တပ်မ (၃၃) မှ စစ်ကား ၂စီး ကြွယ်ပုံကျေးရွာသို့ ဝင်ရောက် သွားကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က ကြွယ်ပုံကျေးရွာသို့ လာရောက်တပ်စွဲခဲ့ပြီး ရွာခံများကိုပါ ပျူစောထီးသင်တန်းပေး၍ လက်နက်တပ်ဆင်ပေးခဲ့သည်။ ထို့အပြင် ကြွယ်ပုံရွာအနီးရှိ ဒီပဲယင်းကွဲကျေးရွာအပါအဝင် စစ်ကိုင်းနှင့် မြင်းမူနယ်အတွင်းရှိ ကျေးရွာများအား အဆိုပါကျေးရွာရှိစစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း ကြွယ်ပုံရွာရှိ စစ်ကောင်စီတပ်အား မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook