Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ နှင့် RCSS မိုင်းပျဉ်းတွင်တိုက်ပွဲဖြစ်

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်အုပ်စုနှင့် RCSS/SSAပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ခြင်းဖြစ်

RCSS/SSA တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-RCSS

မိထက်/People’s Spring

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်း RCSS စခန်းကို စစ်ကောင်စီတပ်နှင့် လားဟူပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မိုင်းပျဉ်းမြို့နယ်၊ ယင်းခမ်းကျေးရွာအနီးတွင်စက်တင်ဘာလ ၁၉ ရက် နံနက် ၁၁နာရီခန့်မှစ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဒေသခံတဦးကပြောသည်။

“လားဟူ ပြည်သူ့စစ်က သူ့နေရာကို RCက ဝင်ပြီးတပ်စွဲလို့ဆိုပြီးတော့ စစ်ကောင်စီနဲ့အတူ စတိုက်တာ။ တိုက်ပွဲက လေးနာရီလောက်ကြာတယ်။ ပွဲအပြီးမှာစစ်ကောင်စီဘက်က၅ယောက်​သေတယ်။

Public Service Announcement

Public Service Announcement

သူတို့ပြန်ဆုတ်သွားတယ်” ဟုမိုင်းပျဥ်းဒေသခံတဦးကပြောသည်။

စစ်ကောင်စီနှင့် လားဟူပြည်သူ့စစ်အဖွဲ့သည် ညနေ ၃နာရီခန့်တွင် မိုင်းပျဥ်းမြို့ပေါ်သို့ပြန်လည်ဆုတ်ခွာသွားပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားမည်ကို ဒေသခံများကစိုးရိမ်နေသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအင်အား (၁၀၀) ခန့်က လာရောက်တိုက်ခိုက်ခဲ့၍ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းRCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းခမ်းစံက သျှမ်းသံတော်ဆင့်သို့ ဖြေကြားထားသည်။

တိုက်ပွဲအတွင်း ပြည်သူ့စစ်တပ်အဖွဲ့ဝင် လေးဦး၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး သေနတ်သုံးလက်သိမ်းဆည်းရရှိခဲ့ကြောင်း RCSS က ယနေ့(စက်တင်ဘာလ ၂၀ရက်) သတင်းထုတ်ပြန်ထားသည်။

သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)သည်တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးထားပြီးစစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းတွင် စစ်ကောင်စီ ပြုလုပ်​သော​ဆွေး​နွေးပွဲများကို အဓိကတက်​ရောက်​နေ​သောအဖွဲ့ဖြစ်သည်။ စစ်အာဏာရှင်အားတော်လှန်သည့်တိုက်ပွဲများတွင်ပါဝင်ခြင်းမရှိ၍ လူထု၏ဝေဖန်ခြင်းကို အစဥ်

တစိုက်ကြုံခဲ့​နေ​သောအဖွဲ့လည်းဖြစ်သည်။ RCSS/SSA ​ခေါင်း​ဆောင်ယွက်ဆစ်က PDFများမှာ ဓါးပြများဖြစ်လာမည်ဟု အင်တာဗျူးတွင်​​ပြောဆိုခဲ့မှု​ကြောင့် ပြည်သူများ၏ ပြင်းထန်​​သော​ဝေဖန်မှု ကြုံခဲ့သည်။

ထို​ကြောင့် ယခုတိုက်ပွဲသည် စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ၃ နှစ်​ကျော်အတွင်း စစ်​ကောင်စီတပ်နှင့် RCSS တို့ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

RCSSသည် မွန်ပြည်သစ်ပါတီ (MNSP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA (PC) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခုနစ်ဖွဲ့၏မဟာမိတ်အဖွဲ့ -7 Ethanic Armed Organization Alliance – 7EAO Allianceကို ပြီးခဲ့သည့်မတ်လက ဖွဲ့စည်းခဲ့သည်။ အဖွဲ့ခေါင်းဆောင်အဖြစ် RCSS ဗိုလ်ချုပ်ကြီးယွက်စစ်က တာဝန်ယူခဲ့သည်။

သို့သော်စစ်ကောင်စီနှင့် RCSS ကြားတွင်၂၀၂၄ ခုနှစ်အတွင်း အဆင်မပြေမှုအချို့ရှိနေပြီး RCSS သည် စစ်ကောင်စီနှင့်ဆက်ဆံရေး ဖြတ်တောက်ရန် ကြိုးစားနေကြောင်း ရှမ်းပြည်နယ်မှ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၂ ရင်တွင် နမ့်စန်မြို့တွင် RCSS/SSA တပ်ဖွဲ့ဝင် ၅ ဦးကို KIA ထုတ်လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့​​​ကြောင်းရစ်​ကောင်စီကထုတ်ပြန်သည်။ သို့​သော် RCSS ကမူ တပ်တွင်း လက်နက်​မှောင်ခို​ရောင်းဝယ်မှုကို တင်းကြပ်စွာတားမြစ်ထားပြီး ယခုတပ်ဖွဲ့ဝင် ၅ ဦးမှာ ခွင့်ယူထားသူများဖြစ်ပြီး တာဝန်ချိန်ပြင်ပတွင် ၎င်းတို့မိတ်​​ဆွေများဖြင့် လုပ်ခဲ့ခြင်းသာဖြစ်​ကြောင်း ပြန်လည်​ဖြေရှင်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် တန်းလွဲရွာမဈေးအနီးကို ယမန်နေ့( အောက်တိုဘာ ၇ရက်)ည ၁၁နာရီခန့်က စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ရာ အရပ်သား ၁၅ဦထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း ကသာမြို့နယ်တွင် တော်လှန်ပြည်သူများက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြရန် ယနေ့(အောက်တိုဘာ ၇) နံနက်က လှုံ့ဆော်ဆန္ဒပြခဲ့သည်။

သတင်း

ရွှေကျင်တိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်း

ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်အတွင်းသို့ စစ်ကောင်စီက ယနေ့(အောက်တိုဘာလ ၇ရက်) နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရာ​ဒေသခံ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

Facebook