Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့အနီးကို စစ်ကောင်စီ လေကြောင်းမှ သုံးရက်ဆက် ဗုံးကြဲတိုက်ခိုက်၊ ခလရ(၂၇၄)တပ်ရင်းသို့ ရိက္ခာထုပ်များ လေထီးဖြင့်ချပေး

ချင်းပြည်နယ် မင်းတပ်မြို့အနီးဝန်းကျင်ကို စစ်ကောင်စီက ယမန်နေ့ ညတွင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၈ရက်က မင်းတပ်မြို့အနီးကို စစ်ကောင်စီက Y12လေယာဉ်ဖြင့် ရိက္ခာထုပ်များချပေးနေစဉ်။ ဓာတ်ပုံ - Hkl -Mindat

ဟန်နွေ/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့အနီးဝန်းကျင်ကို စစ်ကောင်စီက ယမန်နေ့ ညတွင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးသည်။

စက်တင်ဘာ ၁၉ရက် ညပိုင်းတွင် တိုက်လေယာဉ် သုံးစီးဖြင့် မင်းတပ်မြို့ အနီးဝန်းကျင်နေရာများကို ဗုံးအကြီး၊ အသေးများဖြင့် ၁၀ကြိမ်ခန့်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” နေအိမ်အချို့ ထိခိုက်ပျက်ဆီးမှုရှိတယ်လို့ ကနဦးကြားသိရပါတယ်။ မင်းတပ်မြို့ပေါ်တွင်

ဖုန်းလိုင်းများဖြတ်တောက်နေပါတယ်”ဟု မင်းတပ် ဒေသခံက လူမှုကွန်ရက်တွင်ရေးသားပြီး ဒေသခံ ပြည်သူများ ဂရုစိုက်ကြရန် သတိပေးထားသည်။

ထို့ပြင် စက်တင်ဘာ ၁၉ရက် နေ့လည်ပိုင်းတွင် Y12 လေယာဉ်သည် တစ်နာရီကြာပတ်ပျံပြီး လေထီးများဖြင့် ရိက္ခာထုပ်များချပေးခဲ့သည်ဟုဆိုသည်။

” အိမ်တွင်းမှုခြံဝန်း၊ ဘုန်းကြီးကျောင်းနှင့် ၂၇၄ တပ်ရင်းတို့တွင် ကျတယ်လို့သိရပါတယ်။ လေထီးတစ်ခုထဲဖြင့်ချသော အရာများမှာ အစားအသောက်ပစ္စည်းများဖြစ်ပြီးလေထီး ၂ခုတွဲဖြင့်ချသော အရာမှာ ခဲယမ်းကျည်များလို့သိရပါတယ်”ဟု မင်းတပ်ဒေသခံက ရေးသားထားသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နှင့်အနီးတဝိုက်ကို စက်တင်ဘာ ၁၇ရက်မှ ၁၉ရက်အထိသုံးရက်ဆက် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံက အသိပေးသည်။

စစ်ကောင်စီတပ်သည် မင်းတပ် ခလရ(၂၇၄) တပ်ရင်းကို ရိက္ခာခဲယမ်းဖြည့်တင်းရာ မြေပြင်မှ ဖြည့်တင်းနိုင်ခြင်းမရှိ၍ လေထီးဖြင့် ရိက္ခာခဲယမ်းထုပ်များ ချပေးလျက်ရှိရာ ဩဂုတ် ၃၁ရက်မှ စက်တင်ဘာ ၁၉ရက်အတွင်း ၄ကြိမ်တိုင်တိုင် လေထီးမှ ရိက္ခာခဲယမ်းဖြည့်တင်းမှု ပြုလုပ်ခဲ့သည်။

ထို့အတူ လေကြောင်းတိုက်ခိုက်မှုမှာလည်း ယမန်နေ့ည လေကြောင်းတိုက်ခိုက်မှုအပါအဝင် စက်တင်ဘာလအတွင်း ၈ကြိမ်ထက်မနည်း မင်းတပ်မြို့ပေါ်နှင့် မြို့နယ်အတွင်းကျေးရွာများကို ဖျက်အားပြင်း ပေါင် ၅၀၀ဗုံးများအသုံးပြု တိုက်ခိုက်ခဲ့သည်။

ထိုသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်က အသိပေးထားသကဲ့သို့ မင်းတပ် ဒေသခံကလည်း မကြာမီတိုက်ပွဲများဖြစ်လာနိုင်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ခန့်မှန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

Facebook