Hi, what are you looking for?
စစ်ကိုင်းတိုင်း ကနီမြို့နယ် နှစ်နေရာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ ဆန္ဒထုတ်ဖော်ခြင်းကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။
ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ၊ ချင်းအမျိုးသားတပ်ဦး(CNF)နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)၊ ချင်းညီနောင်(CB) ကိုယ်စားလှယ်များစက်တင်ဘာ ၂၁ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာ နောင်တွင် သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ဖြေရှင်းခြင်းမပြုရန် အပါအဝင် အချက် ၅ချက်ကို သဘောတူညီခဲ့ကြောင်းChinland Information Center(CIC) က ယမန်နေ့ညတွင်ဖော်ပြသည်။
အာဏာသိမ်းခေါင်းဆောင်က စက်တင်ဘာလဆန်းမှာ တောင်ကြီးမြို့၌ တော်လှန်ရေးတပ်ဖွဲ့တွေ အဓမ္မဝင်ရောက်နေထိုင်တဲ့မြို့ရွာတွေ မှာစစ်တပ်ရဲ့တန်ပြန်ထိုးစစ်ကိုကာကွယ်နိုင်ဖို့ ပြည်သူတွေကိုလူသားတံတိုင်းအသုံးပြုဖို့ ပြန်လာနေဖို့ဆွဲဆောင်တာ ၊ အတင်းအဓမ္မလူသစ်စုဆောင်းတာတွေလုပ်နေတယ်ဆိုပြီးစွပ်စွဲခဲ့ပါတယ် ။