Connect with us

Hi, what are you looking for?

သတင်း

KNDF ၏ ၃၁ ခု​မြောက်တပ်ရင်းတိုးချဲ့ဖွဲ့စည်း

၃၁ ခု မြောက် တပ်ရင်းကို တိုးချဲ့ ဖွဲ့စည်းလိုက် ကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့(စက်တင်ဘာ ၂၀ )တွင် ထုတ်ပြန်သည်။

ရဲခေါင်/People’s Spring

၃၁ ခု မြောက် တပ်ရင်းကို တိုးချဲ့ ဖွဲ့စည်းလိုက် ကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့(စက်တင်ဘာ ၂၀ )တွင် ထုတ်ပြန်သည်။

KNDF ၏ စစ်ဗျူဟာအမှတ်(၁)မှ ဖယ်ခုံမြို့နယ်ကို အခြေစိုက်သောအမှတ်(၃၁)တပ်ရင်းကို စက် တင်ဘာ၂ရက်တွင် တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းဟုသိရသည်။

Public Service Announcement

Public Service Announcement

ထို့အပြင်ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာကြောင်းလည်း KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။

“စစ်ကောင်စီစစ်ကြောင်း ထိုးနေတာတွေရှိတယ်။နောက် ပြီး ဖယ်ခုံမြို့နယ်အကျယ်အဝန်းအရ အင်အား ဖြည့်နိုင်ဖို့ တပ်ရင်း အမှတ် ၃၁ ကို ဖွဲ့စည်းတိုးချဲ့လိုက်တာပါ”ဟု ၎င်းက ဆက်​ပြောသည်။

KNDF၏ သစ္စာအဓိ ဋ္ဌာန်(၅)ချက်၊ မူဝါဒကြေ ညာစာတမ်း၊ စစ်ဖက်ဆိုင်ရာ အက်ဥပဒေတို့ကို လေးစားလိုက်နာပြီး ပြည်သူများနှင့်အတူစစ်အာဏာ

ရှင်အမြစ်ပြတ်ခြေမှုန်းရေးတွင်အဆုံးထိတိုက်ပွဲဝင်မည့်တပ်ရင်းဖြစ်ကြောင်း အမှတ်(၃၁)တပ်ရင်းကလည်း ဖော်ပြသည်။

ထို့ကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တွင် ဗျူဟာ အမှတ် ၁ မှ စ၍ ဗျူဟာ အမှတ် ၈ အထိ တပ်ဖွဲ့စည်းမှု သုံးနှစ်အတွင်း ဗျူဟာ ၈ ခုရှိကာ တပ်ရင်း ၃၁ ခုရှိလာသည်။

ထို့အတူ တပ်ဖွဲ့ဝင်အင်အား ၁၀,၀၀၀ နှင့်အထက်ရှိ ကြောင်းလည်း KNDF ၏ စစ်ရေးချုပ် ခူးရီးဒူက ပြောထားသည်။

“စကစစစ်ကြောင်းထိုးမှုကြောင့် ဖယ်ခုံမြို့နယ်နဲ့ပင် လောင်းမြို့နယ်အစပ်တွေမှာထိတွေ့မှုဖြစ်နေပါတယ်”ဟု ဖယ်ခုံမြို့နယ် PDF တာဝန်ရှိသူကလူထုနွေဦးသို့ပြောသည်။

ကရင်နီဒေသတွင်း ရေကြီး၊မြေပြိုမှု ဒဏ်ခံစားနေရ မှုကို အခွင့်ကောင်းယူကာ စစ်ကောင်စီတပ်က နယ်မြေ စိုးမိုး မှုပြန်လည်ရယူရန် မြေပြင်စစ်ကြောင်းထိုးမှုများ နှင့် လက်နက်ကြီးဖြင့်ပစ်ခတ်မှုများရှိကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း ၃ခုကို ပေါင်းစည်းပြီး KNDF စစ်ဒေသအမှတ် (၂)တပ်ရင်းအဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

စစ်တပ်က ဒရုန်းတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုတိုက်ခိုက်လာတာကြောင့် အထူးဂရုစိုက်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဧပြီ ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကိုယ့်သမိုင်းကိုယ် ပြန်ရိုင်းအောင်လုပ်တဲ့ ကိစ္စမျိုးတွေ မရှိအောင်ကြိုးစားကြရမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုတိယ စစ်ဦးစီးချုပ် မာဝီက ပြောကြားပါတယ်။