Connect with us

Hi, what are you looking for?

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဘုတလင်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲတွေကို ဒီကနေ့ (အောက်တိုဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံ အိုကီနာဝါငြိမ်းချမ်းရေးဆု ချီးမြင့်ခံရတဲ့အတွက် မယ်တော်ဆေးခန်း ဦးဆောင်သူ ဒေါက်တာစင်သီယာမောင်အား များစွာဝမ်းမြောက်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒေါက်တာစင်သီယာမောင်နဲ့ မယ်တော်ဆေးခန်းအဖွဲ့သား အားလုံးအား လှိုက်လှဲစွာ ဂုဏ်ပြုကြောင်းဖော်ပြပါတယ်။

သတင်း

မြန်မာနိုင်ငံတွင် လက်တလောရင်ဆိုင်နေရသည့် ရေဘေးလှူဒါန်းရန် လေလံတင်ရောင်းချခဲ့သည့် သီချင်းကို အမေရိကန်ဒေါ်လာ တစ်သောင်းကျော်ဖြင့်လေလံအောင်ခဲ့ကြောင်း တော်လှန်အနုပညာရှင် အဆိုတော်လင်းနစ်က အသိပေးထားသည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၁၅)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်ရန်နှင့် ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် စနစ်တကျစောင့်ကြည့်လည်ပတ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ည အသိပေးထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြိုတင် ကာကွယ်နိုင်ရေး ဗုံးခိုကျင်းများတူးကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက လိုက်လံတိုက်တွန်းနေသည်။

သတင်း

လွိုင်ကော်-လွိုင်လင်လေး-ဆီဆိုင် လမ်းတိုက်ပွဲ ဆက်ရှိနေ၍ ပြည်သူများ စစ်ရေးသတိရှိရန်၊ လက်တလော ရေဘေးအထူးသတိထားရန် သတိပေး

သတင်း

လွန်ခဲ့သည့် ၁နှစ်ခွဲခန့်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်ဖြစ်ပွားခဲ့သော CDM တွဲဖက်ပါမောက္ခတစ်ဦး၏ အသက် ၅နှစ်အရွယ် သမီးငယ်တစ်ဦးအပေါ် အသက် ၆၀ အရွယ် ဦးအောင်မင်းဆိုသူက လိင်ပိုင်းအမြတ်ထုတ်မှုနှင့် အဓမ္မပြုကျင့်ခဲ့မှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိသည်အထိ ကြိုးစားလုပ်ဆောင်သွားမည်ဟု ကလေးငယ်၏ မိခင်ဖြစ်သူ ဒေါက်တာစု(အမည်လွှဲ)က People’s Spring လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုသည် ရေဘေးသင့် ပြည်သူများကယ်ဆယ်ခြင်းထက် အရပ်သား များအား ဗုံးကြဲတိုက်ခိုက်ရန်သာ ဦးတည်ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

သတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ် ကမ်းပါးနံရံတစ်ခုတွင် တော်လှန်ပြည်သူများက ၂၀၂၄ ဒီမိုကရေစီနေ့ လူထုစည်းရုံးရေးအဖြစ် "ပြည်သူ့အိပ်မက် တော်လှန်ရေးအသက်" ဘန်နာစာတန်းကို ယ​နေ့ (စက်တင်ဘာ ၁၅) ချိတ်ဆွဲခဲ့သည်။

သတင်း

စစ်တောင်မြစ်ရေဝင်ရောက်၍ တောင်ငူမြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေရာ ရုပ်အလောင်းအချို့ရှာဖွေတွေ့ရှိထားကြောင်း ကယ်ဆယ်ရေးလုပ် ဆောင်နေသူအချို့က ပြောသည်။

Facebook