Connect with us

Hi, what are you looking for?

သတင်း

ကရင်နီ – ရှမ်းတောင်နယ်စပ်တိုက်ပွဲ စစ်ကောင်စီတပ် ၃၀ကျော်သေ၊ ၃ဦးအရှင်မိဟု KNDF အသိပေး

လွိုင်ကော်-လွိုင်လင်လေး-ဆီဆိုင် လမ်းတိုက်ပွဲ ဆက်ရှိနေ၍ ပြည်သူများ စစ်ရေးသတိရှိရန်၊ လက်တလော ရေဘေးအထူးသတိထားရန် သတိပေး

ကရင်နီ - ရှမ်းတောင်နယ်စပ်တိုက်ပွဲအတွင်း သိမ်းဆည်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - KNDF

မောင်မောင်/People’s Spring

ကရင်နီပြည် – ရှမ်းပြည်နယ်တောင်ပိုင်း နယ်စပ်ရှိ စစ်ကောင်စီတပ်များအား တော်လှန်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးသူများပြားခဲ့ပြီး လက်နက် ၂၄လက် သိမ်းရခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသောနေရာများအား စက်တင်ဘာ ၅ရက်တွင် တော်လှန်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၈ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ကရင်နီ – ရှမ်းတောင်နယ်စပ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲစခန်းချထားသည့် လွိင်လင်လေးမြိုတွင်းရှိ ကာကင်းစခန်းများ ၊ ကျောင်းကုန်း ၊ ကုန်းဆွတ် ၊ အောင်ပလ ၊ ကယန်းလေးတာဝါတိုင်ကုန်း စသည့်နေရာများတွင် တိုက်ပွဲများဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

လေးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ထိခိုက်မှုများခဲ့၍ လေကြောင်းဖြင့်ပစ်ကူ၊ ဒရုန်းများ ၊ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲဝင် ၃၀ကျော်သေဆုံးကာ ၃ဦး အရှင်ဖမ်းဆီးရရှိခဲ့ပြီး လက်နက်ကြီး၊ငယ်အစုံ (၂၄)လက်အား တော်လှန်ရေးတပ်ပေါင်းစုက သိမ်းနိုင်ခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုဘက်မှ ထိခိုက်ကျဆုံးရှိ၊မရှိ အခြေအနေကို ဖော်ပြမထားပေ။

စစ်ကောင်စီတပ်က လွိင်လင်လေးမြို့အတွင်းရှိ တိုက်ပွဲဖြစ်ပွားနေသည့်နေရာမဟုတ်ဘဲ အရပ်သာပြည်သူများနေထိုင်ရာ ရပ်ကွက် အတွင်း ဒရုန်းဖြင့်ဗုံးကြဲခဲ့၍ ဒေသခံအမျိုးသမီး တစ်ဦးအပါအဝင် အရပ်သား ၄ဦးသေဆုံးကာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၅ဦးဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

လက်ရှိအချိန်ကာလအထိ လွိင်ကော်-လွိင်လင်လေး-ဆီဆိုင် လမ်းမကြီးအနီး တွင်လည်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်ဖွဲများအကြား ကြိုကြားထိတွေ့မှုများရှိနေခြင်းကြောင့် ဒေသခံများနှင့်အတူ အများပြည်သူများအနေဖြင့် စစ်ရေးသတိကြီးစွာထား၍ နေထိုင်သွားလာကြပါရန် အသိပေးထားသည်။

ထို့ပြင် လတ်တလော ရေဘေးအန္တရာယ်ကိုလည်း အထူးသတိပြုကြရန် KNDFက ထုတ်ပြန်သည်။

ကရင်နီပြည်နယ်တွင် စက်တင်ဘာ ၁၀ရက်မှစ၍ မိုးအလွန်အကျွံရွာသွန်းကာ နေရာအနှံ ရေးကြီးမြေပြိုမှုများဖြစ်၍ ပြည်သူများ (စစ်ဘေးရှောင်များ)၏ အိုးအိမ်ပျက်ဆီးဆုံးရှုးမှုများနှင့် ရေဘေးဒုက္ခများကြီးကြီးမားမားကြုံတွေ့ရင်ဆိုင်နေရဟု ဆိုသည်။

ထို့အပြင် KNDF မှကြီးမှူး၍ပြုလုပ်သော ဆေးသင်တန်းတစ်ခုတွင်လည်း သင်တန်းသားရဲဘော်၊ ရဲမေ ၁၈ဦး ရေကြီးမှုအတွင်းမျှောပါ၍ အသက် ဆုံးရှုံးခဲ့ရဟု အသိပေးထားသည်။ အထက်ပါအခြေနေများနှင့်အတူ မိုးရွာသွန်းမှုများဆက်ရှိနေ၍ ရေကြီးရေလျှံမှုအန္တရာယ်များဖြစ်နိုင်သည့်အပေါ် ပြည်သူများအနေဖြင့် အထူးသတိရှိကြရန် KNDFက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook