Hi, what are you looking for?
မြန်မာပြည်မှာမွေးဖွားပြီး မြန်မာနိုင်ငံသားဖြစ်ခဲ့တဲ့အ ကြောင်း ပြချက်နဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ဗီဇာမရတာကြောင့် နယူးယောက်မြို့မှာ Rဇာနည်နဲ့ စုံတွဲ ဖျော်ဖြေမယ့်ပွဲကို ဖြူဖြူကျော်သိန်း မပါဝင်နိုင်တော့ကြောင်း ပွဲစီစဉ်တဲ့ NYCBC က အသိပေးထားပါတယ်။
MNDAA ဦးဆောင်သောပူးပေါင်းတပ်များကအရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)အား သိမ်းယူပြီး နောက် ရမခ စစ်တိုင်းတိုင်းမှူးအဖြစ်မှ အဖြုတ်ခံထားရသည့် ဗိုလ်ချုပ် စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ် မျိုးမင်းထွေး နှင့် ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်စင်စိုး တို့အား MNDAA ကဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ရေးရင်းမြစ်အချို့ကပြောသည်။