Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်ပြည်သူများ ဗုံးခိုကျင်းများတူးကြရန် PDFရဲဘော်များ လိုက်လံတိုက်တွန်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြိုတင် ကာကွယ်နိုင်ရေး ဗုံးခိုကျင်းများတူးကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက လိုက်လံတိုက်တွန်းနေသည်။

သပိတ်ကျင်း ပကဖရဲဘော်များက ဗုံးခိုကျင်းပြုလုပ်ပုံနည်းလမ်း လက်ကမ်းစာစောင်များကို ပြည်သူများအား ဝေငှနေစဥ်။ဓာတ်ပုံ-သပိတ်ကျင်းပကဖ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြိုတင် ကာကွယ်နိုင်ရေး ဗုံးခိုကျင်းများတူးကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက လိုက်လံတိုက်တွန်းနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ရုံးအဖွဲ့နှင့် သပိတ်ကျင်းတိုက်နယ် (ပကဖ)ရုံးအဖွဲ့ပူးပေါင်း၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စစ်ရေးသတင်းအချက်အလက် များနှင့် ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် ဗုံးခိုကျင်းပြုလုပ်ပုံနည်းလမ်းများအား ပြည်သူလူထုများသိရှိစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သပိတ်ကျင်းပကဖက အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဒီဘက်မှာတော့ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေက မကြာခဏ ကြုံတွေ့နေရတယ်။ ရွာတွေရွာတွေကိုလိုက်ကြဲတာ။ မြို့နယ်ပကဖအနေနဲ့ ပြည်သူတွေကို ဗုံးခိုကျင်းတူးနည်း Step by Step သွားဖို့လမ်းညွှန်ထားတဲ့ဟာပေါ့။ ဝန်ကြီးဌာနက လမ်းညွှန်ထားတဲ့ဟာကို လက်ကမ်းစာစောင်တွေနဲ့ ပြည်သူတွေတူးကြဖို့ လိုက်ပြီးနှိုးဆော်တာပါ။”ဟု သပိတ်ကျင်းပကဖတာဝန်ခံ ကိုနဂါးနီက ပြောသည်။

သပိတ်ကျင်းမြို့ကို ပြီးခဲ့သည့်သြဂုတ် ၂၅ရက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းအများအပြားအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကိုနဂါးနီက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။