Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ် နှစ်နေရာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ဒေသခံတော်လှန်ပြည်သူတွေ စုပေါင်းပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း ဆိုင်းဘုတ်စိုက်ထူ ဆန္ဒထုတ်ဖော်ခြင်းကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းပေါ်မှာ အထိနာစစ်ဦးကျိုးသွားပြီဖြစ်တဲ့ စစ်တပ်ဟာအောက်တိုဘာ ၁၇ ရက်ည နဲ့ ဒီကနေ့မှာ နှစ်ရက်ဆက် ကျွန်း​ပေါ်ကမ်းတက်ဖို့ ထပ်ကြိုးစားတာ​ကြောင့်အာရက္ခတပ်တော်(AA)ကခုခံတိုက်ခိုက်တဲ့အတွက် စစ်တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တွေမြို့ကရှေ့တန်းကာကင်းစခန်းကြီးတွေ တခုပြီးတခု လက်လွှတ်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ချောင်းဆုံ​ဒေသကို ဒီက​နေ့မှာဂျက်ဖိုက်တာ၊ Y-12 ​လေယာဥ်​တွေနဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ အများအပြား​သေဆုံးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ပါလီမန်ရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ Free Her Campaign ကို ဒီကနေ့ (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က မိုးမောက်မြို့ ခမရ(၄၃၇) တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် စခန်းမှ ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ကြားဖြတ်တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း ထီးချိုင်မြို့နယ် မြတောင်စစ်ကောင်စီ ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ဗျူဟာစခန်း၏ ကားကင်းအချို့ သိမ်းပိုက်ရရှိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို (၁၀၇)မမ ခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar-BWM အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကျန်းမမာနဲ့ထောင်က ပြန်လွတ်လာတဲ့ မှတ်တ်တမ်းရုပ်ရှင်ဖန်တီးသူ၊ နိုင်ငံရေးအကျဥ်းသား ကိုဖေမောင်စိမ်းရဲ့ နာရေးကို ဒီကနေ့ ရန်ကုန်မြို့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဟင်္သာ​ကျေးရွာပျူစောထီးစခန်းအား ၁၀ရက်ကျော်ကြာတိုက်ခိုက်ပြီးနောက် စခန်းအားသိမ်းပိုက်နိုင်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်ဝေကြီးက ပြောသည်။

သတင်း

ကရင်ပြည်နယ် ၊ ဖားအံမြို့နယ်ထဲက ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီထံ လက်နက်ပြန်အပ်ပြီး နှုတ်ထွက်လိုက်ကြပြီလို့ ပြည်သူ့စစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

သတင်း

သားကြီး/People’s Spring စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုကြားမှ စစ်ကောင်စီကာကင်းစခန်းသုံးခုကို KIA၊PDFပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းသတင်းရရှိသည်။ ထီးချိုင့်မြို့အနီး မြတောင်ရွာမှ စစ်ကောင်စီတပ်၏ရှေ့တန်းကာကင်းစခန်းသုံးခုကို ယနေ့(ဩဂုတ်လ ၂၁ရက်) နံနက်ပိုင်းတွင် သိမ်းယူနိုင်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ ထီးချိုင့်မြို့မှ စစ်ကောင်စီစခန်းအချို့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်နေပြီး ယမန်နေ့(ဩဂုတ်လ ၂၀ရက်)...

သတင်း

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)ကို ကျောခိုင်းစွန့်လွှတ်ပြီး တော်လှန်ရေး၌ အပြည့်အ၀ ပါဝင်ရန် မွန်ပြည်သစ်ပါတီ(NSMP)ကို တအာင်းတပ်မတော်(PSLF/TNLA) တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက တိုက်တွန်းလိုက်သည်။

Facebook