Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့နယ် မြတောင်စစ်ကောင်စီဗျူဟာ၏ ကာကင်းစခန်းသုံးခု KIAပူးပေါင်းတပ် သိမ်းပိုက်

စစ်ကိုင်းတိုင်း ထီးချိုင်မြို့နယ် မြတောင်စစ်ကောင်စီ ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ဗျူဟာစခန်း၏ ကားကင်းအချို့ သိမ်းပိုက်ရရှိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ရှေ့တန်းတစ်နေရာ၌ တွေ့ရသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ တပ်သားတစ်ဦး။ ဓာတ်ပုံ - PS

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း ထီးချိုင်မြို့နယ် မြတောင်စစ်ကောင်စီ ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ဗျူဟာစခန်း၏ ကားကင်းအချို့ သိမ်းပိုက်ရရှိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဩဂုတ် ၂၁ရက် နံနက် ၅နာရီမှစ၍ အဆိုပါဗျူဟာစခန်းကို ထိုးစစ်ဆင်ခဲ့ရာ မွန်းလွဲ ၃နာရီအချိန်အထိ တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” လေကြောင်းတိုက်ခိုက်မှု ၁၂ကြိမ်ရှိနေပြီ။ စကစတပ်ရဲ့ ကာကင်းစခန်း သုံးခုရပြီ။ တိုက်ပွဲပြင်းထန်နေဆဲပါ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်သည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စစ်ဆင်ရေးများ၌ အတူလက်တွဲ တိုက်ပွဲဝင်လျက်ရှိရာ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။