သတင်း ငွေတိုက်စာချုပ်များ သက်တမ်းစေ့တော့မည်ဖြစ်၍ ငွေပြန်ထုတ်ခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းပြုလုပ်နိုင်ကြောင်း NUG ထုတ်ပြန် နွေဦးတော်လှန်ရေးအတွက် ငွေတိုက်စာချုပ်များကို ၂၀၂၁ နိုဝင်ဘာ ၂၂ ရက်ကစတင်ရောင်းချရာ တစ်ပတ်အတွင် ဒေါ်လာ ၁၅ သန်းဖိုးရောင်းခဲ့ရသည်။ လက်ရှိအချိန်ထိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ငွေတိုက်စာချုပ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၃၈သန်းရရှိထားသည်။ LuduNwayOoနိုဝင်ဘာ 9, 2023
သတင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် တိုင်းရင်းသားကိုယ်စားလှယ်များ လစ်သူရေးနီးယားလွှတ်တော်အမတ်များနှင့်သွားရောက်တွေ့ဆုံ လစ်သူရေးနီးယားသည် မြန်မာ့ဒီမိုကရေစီအရေးကိုတက်ကြွစွာ ကူညီအားပေးနေသည့် နိုင်ငံဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြီးခဲ့သည့် အမေရိကန်ခရီးစဥ်အတွင်းတွင် လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တရားဝင်တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 9, 2023
သတင်း ပေါက်ခေါင်းတွင် စစ်သင်တန်းဆင်း ပျူစောထီးခေါင်းဆောင်ဆိုသူကို PDF ပစ်သတ် ပျူစောထီးခေါင်းဆောင်ဝင်းနိုင်ဆိုသူ၏ ဆရာနှင့်တပည့်များ၊ ပျူစောထီးစာရင်းများကိုလည်းရရှိထားပြီးဖြစ်ရာ အချိန်မီပြည်သူ့လူထုနှင့် ပူးပေါင်းကြရန် တော်လှန်တပ်ဖွဲ့များက တိုက်တွန်းထားကာ ဆက်လက်လုပ်ဆောင်နေပါက ပြတ်ပြတ်သားသားအရေးယူသွားမည်ဟု ထုတ်ပြန်ထားသည်။ LuduNwayOoနိုဝင်ဘာ 9, 2023
သတင်း KIA ကို ဆန့်ကျင်ဆန္ဒပြဖို့ ရတနာပုံတံတားစစ်ကောင်စီယာယီပိတ်ပေး ဆယ်ဂဏန်းခန့်ပါတဲ့ လူအုပ်ဟာ မနေ့ နိုဝင်ဘာလ၈ ရက် နေ့လယ်ပိုင်းက တံတားပေါ်မှာ ဆန္ဒပြခဲ့ကြတာလို့စစ်ကိုင်းမြို့ခံအချို့က ပြောပြပါတယ်။ LuduNwayOoနိုဝင်ဘာ 9, 2023
သတင်း ယင်းမာပင်နှင့် ဆားလင်းကြီးတွင် စစ်ကောင်စီ ရေယာဥ်နှင့် ရှေ့ပြေးကင်းတန်းအား PDFတွေ တိုက်ခိုက် ယမန်နေ့ (နိုဝင်ဘာ ၈ရက်) နံနက်ပိုင်းက ယာဥ် ၁၇စီးပါ စစ်ကောင်စီယာဉ်တန်းသည် ပုလဲမြို့နယ်မှ ယင်းမာပင်မြို့နယ်သို့ ထွက်ခွာလာခဲ့သည်။ LuduNwayOoနိုဝင်ဘာ 9, 2023
သတင်း တိုက်ပွဲဖြစ်နေ၍ သပိတ်ကျင်း – ထီးချိုင့်လမ်းပိုင်းအား ယာယီပိတ်ထား ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) ညမှစ၍ သပိတ်ကျင်းမြို့နယ် (၇)မိုင်လမ်းခွဲမှ တကောင်း - ထီးချိုင့် လမ်းပိုင်းအား ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်းနှင့် လုံးဝဖြတ်သန်းခွင့်မရှိကြောင်း သပိတ်ကျင်း(ပကဖ)က အသိပေးသည်။ LuduNwayOoနိုဝင်ဘာ 9, 2023
သတင်း ကိုးကန့်ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုကို MNDAA ထပ်မံသိမ်းပိုက် နောင်ချိုမြို့နယ် အုမ္မခါးရွာအနီးတွင် နိုဝင်ဘာ ၈ရက် ညပိုင်းတွင် သံချပ်ကာယာဉ် ၃စီးနှင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)နှင့် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးသည်။ LuduNwayOoနိုဝင်ဘာ 9, 2023
သတင်း မြောက်စည်းရဲစခန်းမှသိမ်းဆည်းရရှိသောလက်နက်ခဲယမ်းများကို NUG ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန် စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းရှိ မြောက်စည်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၄ ရက် နံနက်တွင်သိမ်း ပိုက်နိုင်ခဲ့သည်။ LuduNwayOoနိုဝင်ဘာ 9, 2023
သတင်း နောင်ချိုတွင် သံချပ်ကာယာဥ်သုံးစီးဖြင့်စစ်ကူရောက်လာသော စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ယာဥ်တစ်စီးဖျက်ဆီးနိုင်ခဲ့ဟု TNLA အသိပေး TNLAနှင့် မန္တလေး PDF ပူးပေါင်းတပ်တို့က ယမန်နေ့ည ၉နာရီခွဲကျော်တွင် ပစ်ခတ်ခဲ့ခြင်းဟု အသိပေးသည်။ ပစ်ခတ်မှုကြောင့် ကျန်ယာဥ်နှစ်စီးနှင့် စစ်ကောင်စီတပ်တို့မှာ နောက်ပြန်ဆုတ်သွားသည်ဟု ထပ်မံအသိပေးသည်။ LuduNwayOoနိုဝင်ဘာ 9, 2023
သတင်း ဖားကန့်ဆယ်ဇင်းတွင်စစ်ကောင်စီနှင့် SNAပူးပေါင်းတပ်စခန်း ၃ခုကို ယနေ့မနက်တွင် KIA/PDF သိမ်းပိုက် နိုဝင်ဘာ ၉ရက် နံနက် ၂နာရီ ၄၀ခန့်မှစ၍ အဆိုပါ တပ်စခန်းများကိုတိုက်ခိုက်ခဲ့ရာ နံနက် ၇နာရီခွဲဝန်းကျင်တွင် စခန်းသုံးခုစလုံးသိမ်းပိုက်နိုင်ခဲ့သည်ဟုသိရသည်။ LuduNwayOoနိုဝင်ဘာ 9, 2023