Connect with us

Hi, what are you looking for?

သတင်း

NCA ကျောခိုင်းပြီး တော်လှန်ရေးအပြည့်အ၀ပါဝင်ရန် မွန်တပ် NMSPကို TNLA ခေါင်းဆောင်တိုက်တွန်း

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)ကို ကျောခိုင်းစွန့်လွှတ်ပြီး တော်လှန်ရေး၌ အပြည့်အ၀ ပါဝင်ရန် မွန်ပြည်သစ်ပါတီ(NSMP)ကို တအာင်းတပ်မတော်(PSLF/TNLA) တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက တိုက်တွန်းလိုက်သည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတစ်နေရာမှာ ၂၀၂၃ ဒီဇင်ဘာ ၁၄ ရက်က မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များအား စစ်ရေးပြအခမ်းအနားတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ - NMSP

ဟန်နွေ/People’s Spring

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)ကို ကျောခိုင်းစွန့်လွှတ်ပြီး တော်လှန်ရေး၌ အပြည့်အ၀ ပါဝင်ရန် မွန်ပြည်သစ်ပါတီ(NSMP)ကို တအာင်းတပ်မတော်(PSLF/TNLA) တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လက တိုက်တွန်းလိုက်သည်။

ဩဂုတ် ၁၉ရက်က ကျရောက်သည့် (၇၇)နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားတွင် ဗိုလ်မှူးကြီးတာပန်လက မိန့်ခွန်းပြောကြားခဲ့ပြီး ယခုကဲ့သို့ တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

၂၀၁၀ လောက်အထိ မွန်တော်လှန်ရေးက တိုင်းရင်းသား လူမျိုးများအတွက် များစွာအတုယူဖွယ်ဖြစ်ပြီး ၂၀၁၀မှ ၂၀၂၀ အကြားတွင် များစွာခက်ခဲ့သည့် ခရီးလမ်းကို ဖြတ်သန်းရသည့် ကာလဟု မှတ်ယူရမည်ဖြစ်ကြောင်း ၊ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၀ နောက်ပိုင်း ပြန်ကြည့်ပါက ညီနောင်မွန်များအနေဖြင့် နှောင့်နေနေသည်ကို ပွင့်လင်းစွာ ပြောရမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

မွန်လူငယ်၊ လူလတ်များ တော်လှန်ရေး၌ ပါဝင်မှု နှောင့်နှေးနေသကဲ့သို့ မွန်လူကြီးများ(NMSP ခေါင်းဆောင်များ)လည်း NCAကို လက်မလွှတ်နိုင်သည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

” ပကတိ အခြေအနေနဲ့ နည်းနည်းလေးကင်းကွာပြီး NCA ကို လက်မလွှတ်နိုင်သေးတဲ့ အနေအထားမျိုး ကြုံနေရတဲ့ ကာလဖြစ်တယ်။ အမှန်တကယ်အားဖြင့်ဆိုရင် အခုလိုမျိုး နိုင်ငံက အပြောင်းအလဲ သွားနေပြီ။ လမ်းတစ်ဝက်တောင် တော်တော်လေးရောက်နေတယ်ဆိုတဲ့ဟာမျိုးမှာ NCAဆိုတာမျိုးကို စွန့်လွှတ်ပြီးမှ ဒီတော်လှန်ရေးထဲမှာ အပြည့်အ၀ ပါဝင်မယ်ဆိုရင် အင်မတန်မှပဲ အခွင့်အလမ်းကောင်း အခြေအနေလို့ မှတ်ယူရမှာ ဖြစ်ပါတယ်”ဟု တားပန်လက ပြောသည်။

ညီနောင်မွန်များ၌ လူဦးရေအားဖြင့် တအာင်း၊ ၀လူမျိုးများထက်ပိုများကြောင်း၊ ပညာတတ်ဦးရေသည် တအာင်း၊ ၀တို့ထက်များစွာ ကျော်လွန်ကြောင်း မွန်ခမာ အနွယ်ဝင် တအာင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ထို့ပြင် မွန်များ၌ ၀၊ တအာင်းတို့ထက် ခိုင်မာသည့် သမိုင်းရှိကြောင်း တားပန်လက ပြောသည်။

“သမိုင်းထဲမှာ ရှိနေတဲ့ ကျနော်တို့ရဲ့ သူရဲကောင်းကြီး ရာဇာဓိရာဇ်တို့၊ လဂွန်းအိမ်တို့ လာကြည့်မယ်ဆိုရင် လူငယ်၊ လူရွယ်တွေက ဘာဖြစ်လို့ သွေးအေးနေကြသလဲ ဘာဖြစ်လို့ နှောင့်နှေးနေကြသလဲဆိုပြီး ထများရိုက်မလားတောင်မသိဘူး ကျနော်တို့မြင်တာ။ စိတ်ထဲမှာ ဘယ်လိုမျိုးရှိမလဲ မပြောတက်ဘူး” လည်း TNLA အတွင်းရေးမှူးက မွန်တို့၏ တော်လှန်ရေး၌ ပါဝင်မှု အားနည်းနေခြင်းအပေါ် အားမလိုအားမရ ပြောကြားသည်။

အာဏာသိမ်းပြီးနောက် မွန်တပ်များ သုံးလေးဖွဲ့ပေါ်လာသကဲ့သို့ ယခုနှစ်တွင် မိခင်မွန်ပြည်သစ်ပါတီမှ မွန်ပြည်သစ် ADလိုမျိုး ခွဲထွက်လာခြင်းက ညီညွတ်မှုလျော့ရဲလာသည်ဟု ခံစားရကြောင်း၊ မွန်ညီနောင်များအနေဖြင့် စုစည်းမှု ရှိစေချင်ကြောင်း ဗိုလ်မှူးကြီးတားပန်လက ပြောသည်။

“ပကတိ အခြေအနေနဲ့ ကင်းကွာနေပြီဖြစ်နေတဲ့ NCAကိစ္စကလည်း ကြောခိုင်းစွန့်လွှတ်သင့်ပါပြီ။ပြီးတော့ လူငယ်တွေလူရွယ်တွေဒီအချိန်မှာ ထပြီးတော်လှန်ကြမယ်ဆိုရင် မွန်ရဲ့ မွန်ရည်မှန်းတဲ့ မွန်ပြည်သစ် မုချမသွေ ရောက်ရှိမှာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးတားပန်လက ပြောသည်။

မွန်လူငယ်များအနေဖြင့် ပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေး၌ ပါဝင်ကြရန် စစ်အာဏာရှင်စနစ်ကို တော်လှန်ကြရန် ၎င်းက ပြောကြားပြီး လက်ရှိသည် အခွင့်အခါအကောင်းဆုံး အချိန်ဖြစ်သည်ဟု အသိပေးသည်။

လက်ရှိတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်သစ်ပါတီ(NMSP)မှ ခွဲထွက်လာသည့် NMSP-AD၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) တို့လည်း စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိပြီး အခြားမွန်လူငယ်ခေါင်းဆောင်အချို့လည်း လက်နက်စွဲကိုင်ပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေးချောင်းဖျားဒေသမှာ ဂျန်ပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း အကူအညီနဲ့ ဆောက်လုပ်ထားတဲ့ ဒုက္ခသည်စခန်းနေရာကို စစ်တပ်က ဒီကနေ့ ဇွန်လ ၁၈ရက်မနက်အစောမှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ မွန် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။