Connect with us

Hi, what are you looking for?

သတင်း

တောင်ငူလေတပ်စခန်းကို (၁၀၇)မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို (၁၀၇)မမ ခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar-BWM အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

တောင်ငူလေတပ်စခန်းကို (၁၀၇)မမ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - File

သတိုး/People’s Spring

နိုင်ငံတဝန်းလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့် စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို (၁၀၇)မမ ခုနစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar-BWM အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

“၄ လုံး လေတပ်ထဲကို ရောက်ပါတယ်၊ ထိခိုက်မှုသတင်းအချို့တော့ ရထားပါတယ်။ သေချာအောင် လုပ်နေဆဲမို့ စောင့်နေပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

တောင်ငူလေတပ်စခန်းကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) ၊သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များအဖွဲ့၊ Mercury Revolution Force (MRF)အဖွဲ့တို့ ပူးပေါင်း၍ ဩဂုတ် ၂၀ ရက် ည ၁၂ နာရီ ခန့်တွင် ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ညဘက်မှာ သူတို့သံသယရှိတဲ့ ဧရိယာတဝိုက်ကို ဒရုန်းနဲ့ပတ်ကြည့်ပါတယ်။ ည ၁ နာရီ ၅ မိနစ်လောက်မှာ (၁၂၀) မမ နှစ်လုံးနဲ့ ရမ်းသမ်းပစ်ပါတယ်၊ တစ်လုံးက အောင်သပြေကုန်းရွာဘက်ကိုကျပြီး ရွာသားတစ်ဦးရဲ့နွားတင်းကုပ်မီးလောင်ပြီး နွားတစ်ရှဥ်းသေသွားတယ်လို့ သိရပါတယ်။ နောက်ပိုင်းအခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲပါ” ဟု စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်သည့် အကြောင်းကို BWM မှတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီဘက်မှ ပစ်ခတ်မှုများရှိ‌သော်လည်း စစ်ဆင်ရေးလုပ်ဆောင်သည့်အဖွဲ့သားအားလုံးဘေးကင်းကြောင်း ၎င်းက ပြောသည်။

“တောင်ငူလေတပ်ကို ဒါက ဒီနှစ်အတွင်း သုံးကြိမ်မြောက်ပါ၊ မတ်လက တစ်ကြိမ်၊ မေလကတစ်ကြိမ်တိုက်ခိုက်ခဲ့ပါသေးတယ်”ဟု BWM မှတာဝန်ရှိသူက ပြောသည်။

BWMအနေဖြင့် မဟာမိတ်အဖွဲ့များနှင့်အတူ စစ်ကောင်စီ၏ လေတပ်စခန်းများကို အဓိကတိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ခြောက်ကြိမ်မြောက်တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တောင်ငူကို လာရောက်မယ့်အကြောင်း သတင်းရတာကြောင့် နေရာနှစ်နေရာကို ၁၀၇ မမရှော့တိုက်ဒုန်း လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့အနီး တနေရာ ဒီနေ့ မေလ ၂၄ရက် ညနေပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး ပြင်းထန်တဲ့ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က စစ်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဌာနကြီး (SSTF)က အသိပေးထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် တနေရာကို မတ်လ ၁၈ရက် ညနက်ပိုင်းက ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီး စစ်ရေးအခြေနေကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။