Connect with us

Hi, what are you looking for?

သတင်း

ဖားအံမြို့က ပြည်သူ့စစ်အဖွဲ့ဝင်တွေ စစ်ကောင်စီထံ လက်နက်ပြန်အပ်

ကရင်ပြည်နယ် ၊ ဖားအံမြို့နယ်ထဲက ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီထံ လက်နက်ပြန်အပ်ပြီး နှုတ်ထွက်လိုက်ကြပြီလို့ ပြည်သူ့စစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

ကျောက်ဆည် ပြည်သူ့စစ်အဖွဲ့ဝင်တွေကို စစ်ကောင်စီ က လက်နက်တပ်ဆင်ပေးပုံ (ဓာတ်ပုံ - စစ်ကောင်စီ)

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ၊ ဖားအံမြို့နယ်ထဲက ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီထံ လက်နက်ပြန်အပ်ပြီး နှုတ်ထွက်လိုက်ကြပြီလို့ ပြည်သူ့စစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဖားအံမြို့နယ်ထဲ ကျောက်တလုံး ၊ ဝင်းဒရယ် ၊ တံတားဦး ၊ ဝါးဘိုးတော ၊ ဘင်ဂျီ စတဲ့ ရွာတွေ ကပြည်သူ့စစ် အားလုံးနီးပါး လက်နက် ပြန်အပ်လိုက်ကြတာလို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို လက်နက်ပြန်အပ်လိုက်တဲ့ ပြည်သူ့စစ်တွေဟာ မော်လမြိုင်အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့ဝင်တွေ ဖြစ်ကြပါတယ်။

လက်ရှိ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေ ကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ်ဆက်လက် ပါဝင်ဖို့ မပျော်ရွှင်တော့တာ ၊ စစ်ကောင်စီရဲ့ လက်နက်ရိက္ခာထောက်ပံ့မှု မထိရောက်တာ အပြင် KNU တပ်မဟာ (၁) ရဲ့ ဖိအားပေးမှုတွေကြောင့် လက်နက်ပြန်အပ်ကြတာလို့ ပြည်သူ့စစ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ရှင်းပြပါတယ်။

“ကြားတာကတော့ လုပ်လို့မပျော်တော့ဘူး သေနတ်အပ်လိုက်ပြီ၊ နောက်ပြီး ကေအဲန်ယူကလည်း ဖိအားပေးတယ်” လို့ အဲဒီသတင်းရင်းမြစပြောပါတယ်။

ဖားအံ ဟာ KNU တပ်မဟာ (၁) စစ်ရေးလှုပ်ရှားရာနယ်မြေလည်းဖြစ်ပါတယ်။ ဖားအံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ခန့်မှန်းခြေ အင်အား ၁၀၀ဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ် ။

စစ်ကောင်စီထံ လက်နက်ပြန် အပ်လိုက်တဲ့ ပြည်သူ့စစ်တွေထဲမှာ ဖားအံနယ်မြေထဲ လှုပ်ရှားနေတဲ့ နယ်ခြားစောင့်တပ်(BGF) နဲ့ ဗိုလ်ဘိဦးဆောင်တဲ့ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်(DKBA)ထံ သွားရောက်ပူးပေါင်းကြတာရှိပါတယ်။

ဘယ်အဖွဲ့ ဆီမှ မပူးပေါင်းဘဲ KNU တပ်မဟာ (၁) ဆီမှာ ခံဝန်ထိုးပြီးအရပ်သားအဖြစ်သာ နေထိုင်ကြမယ့်သူတွေလည်းရှိတယ်လို့သိရပါတယ်။

လက်နက်ပြန်အပ်လိုက်တဲ့ ပြည်သူ့စစ်တွေဟာ ဖားအံမြို့ ၊သံလွင်မြစ်အနောက်ခြမ်းက ဖြစ်ပြီး မြစ်အရှေ့ခြမ်းက အဖွဲ့ဝင်တွေကတော့ စစ်ကောင်စီနဲ့ပူးပေါင်းနေဆဲလို့ သတင်းရင်းမြစ်က ပြောပါတယ်။

ဖားအံမြို့နယ်ထဲက နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေအနေနဲ့ နှုတ်ထွက်ကြဖို့၊ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းက KNU တပ်မဟာ (၁) က ထုတ်ပြန်ထားခဲ့ပါတယ်။

ဖားအံမှာ မြို့ ၊ရွာ ၊ ရပ်ကွက် လုံခြုံရေးအတွက်ဆိုပြီး ပြည်သူ့စစ်တပ်ဖွဲ့ကို ယခင်စစ်အစိုးရ လက်ထက်မှာ စတင်ဖွဲ့စည်းပေးထားခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စီးပွါးရေးသမားချင်း လူမှုရေးပြသနာဖြစ်ရာကနေ TikTok ဆယ်လီ ဇော်ဝင်းမောင်က ​မေလလယ်ပိုင်းမှာ မန္တလေးမြို့ခံ ပျူစောထီးတွေကိုခေါ်ပြီး မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တဲ့ ရုပ်သံဖိုင်​​ကြောင့် မန္တ​လေးမြို့မှာ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ ဘယ်​​​လောက်​သောင်းကျန်း​နေတယ်ဆိုတာ လူအများအာရုံစိုက်စရာဖြစ်လာပါတယ်။