Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ် ဟင်္သာ​ရွာပျူစခန်းအား ၁၀ရက်ကျော်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဟင်္သာ​ကျေးရွာပျူစောထီးစခန်းအား ၁၀ရက်ကျော်ကြာတိုက်ခိုက်ပြီးနောက် စခန်းအားသိမ်းပိုက်နိုင်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်ဝေကြီးက ပြောသည်။

ဟင်္သာပျူရွာစခန်းအား သိမ်းပိုက်ပြီးနောက် မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - ရဲဘော်ဝေကြီး

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဟင်္သာ​ကျေးရွာပျူစောထီးစခန်းအား ၁၀ရက်ကျော်ကြာတိုက်ခိုက်ပြီးနောက် စခန်းအားသိမ်းပိုက်နိုင်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်ဝေကြီးက ပြောသည်။

ဟင်္သာပျူစောထီးကျေးရွာရှိ စစ်ကောင်စီစစ်ကြောင်းနှင့် ပျူစောထီးအား ရေစကြို ပကဖမှ ၁၀ ရက်ကျော်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ယနေ့ (သြဂုတ် ၂၁ ရက်)နံနက်ပိုင်းတွင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများ ဆုတ်ခွာထွက်ပြေးသွားကြောင်း ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီရွာကို စစ်ကြောင်းဝင်လာတယ်။ အဲဒီစစ်ကြောင်းနဲ့ပျူရွာကို ပတ်ချာလည်ပိတ်ပြီး ထွက်လို့မရအောင် ပိတ်ဆို့ထားတာ။ ပိတ်ဆို့ပြီးတော့ ထွက်လာတာနဲ့တိုက် ထွက်လာတာနဲ့ပစ်ပေါ့။ ၁၀ရက်ကျော်လောက်တိုက်ခိုက်ခဲ့တယ်။ ဘယ်လိုမှမခံနိုင်တော့တဲ့အဆုံးတော့ ခွေးတွေလည်းပြန်ဆုတ်သွားတယ်။ ပျူရွာတစ်ရွာလုံးလည်း ထွက်ပြေးသွားကြတယ်။”ဟု ရဲဘော်ဝေကြီးက ပြောသည်။

အဆိုပါပျူစခန်းမှ လက်နက်ခဲယမ်းမရ​သော်လည်း စစ်သုံးပစ္စည်းအချို့နှင့်ရိက္ခများ ရရှိခဲ့ကြောင်း၊ ပျူစခန်းများအား မီးရှို့ရှင်းလင်းခဲ့ကြောင်း ရေစကြိုပကဖက ပြောသည်။

ဩဂုတ် ၁၉ ရက်က စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဟင်္သာကျွန်းကျေးရွာ ဘုန်းကြီးကျောင်းရှိ စစ်ရှောင်ပြည်သူ (၈၀)အရွယ် ဦးငွေသောင်းဆိုသူ သေဆုံးကာ အမျိုးသမီး တစ်ဦး၊ ကလေး လေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီက အသိပေးသည်။

ဟင်္သာရွာ စစ်ဆင်ရေးတွင် ရေစကြိုပကဖနှင့် မဟာမိတ်များဖြစ်သော နွေဦးစစ်သည် ရေလယ်ကျွန်းဒေသ စစ်ကြောင်း ၊UURF အပါအဝင် ဒေသတွင်းအဖွဲ့များမှ လေယာဥ်ငယ်များ၊ လက်နက်ကြီးနှင့် ရှော့တိုက်ဒုန်းများဖြင့် ပစ်ကူပေးခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၀ရက် နံနက်ကလည်း ရေစကြိုမြို့ပေါ်၌ စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFအဖွဲ့များ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ခြောက်ဦးနှင့် ပြည်သူလေးဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။