သတင်း ရွှေကူမှာ စစ်တပ်ပစ်ခတ်လို့ အရပ်သား ၄ ဦး ထပ်မံသေဆုံး၊ မြို့ပတ်ချာလည် ဗုံးကြဲနေ အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။ ludunwayooဩဂုတ် 26, 2026
သတင်း ရွှေဘိုမြို့နယ်က မီးဘေးနဲ့ ရေဘေးသင့် ပြည်သူတွေကို သပိတ်အင်အားစုက စားနပ်ရိက္ခာထောက်ပံ့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက စစ်တပ် မီးရှို့ဖျက်ဆီးလို့ မီးဘေးသင့်ခဲ့ရသူတွေနဲ့ ရေဘေးသင့်ပြည်သူတွေကို သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေ ဒီကနေ့ (သြဂုတ် ၂၅) ပြုလုပ်ပေးခဲ့ပါတယ်။ ludunwayooဩဂုတ် 26, 2026
သတင်း အမြန်လမ်းမှာ အရည်ကျိုအပ်မယ့်ကား အပူလွန်ပြီး မီးလောင် ရန်ကုန်-မန္တလေး အမြန်လမ်း ၃၁၇ မိုင်မှာ ကားတစ်စီး အပူလွန်ကဲကာ အင်ဂျင်ခန်းကစတင်မီးလောင်ခဲ့တယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ က အသိပေးထားပါတယ်။ ludunwayooဩဂုတ် 26, 2026
သတင်း ဖာပွန်မှာ တိုက်ပွဲတွေဆက်ရှိနေ ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU )တပ်တွေကြားတိုက်ပွဲဆက်ဖြစ်နေပြီးစစ်တပ်ကလေကြောင်းကိုပါသုံးပြီး တိုက်ခိုက်နေတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူပဒိုစောထိုရော်ဘင်က ပြောပါတယ်။ ludunwayooဩဂုတ် 26, 2026
သတင်း ဆောမြို့နယ်က စစ်ဆင်ရေးအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရ မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။ ludunwayooဩဂုတ် 26, 2026
သတင်း စစ်ကောင်စီ ရက် ၁၀၀အတွင်း နိုင်ကျဉ်းတွေ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိ၊ အကျဉ်းသား ၅ ဦး သေဆုံး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ ludunwayooဩဂုတ် 26, 2026
သတင်း မတ္တရာအနောက်ခြမ်းကစစ်စခန်းနှစ်ခုကို ပကဖ တိုက်ခိုက် စစ်သား၆ဦးထပ်မနည်းသေဆုံး မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။ ludunwayooဩဂုတ် 26, 2026
သတင်း ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံရမှု တရားမျှတမှု ရှိစေရေး ဆက်ကြိုးပမ်းမယ်လို့ ဗြိတိန်နဲ့ ကနေဒါပြော စစ်အုပ်စုကို လက်တွေ့ကျတဲ့ အရေးယူမှု လုပ်ဖို့ အချိန်တန်နေပြီလို့ NUG ထုတ်ပြန် ludunwayooဩဂုတ် 26, 2026
သတင်း အိုးဘိုထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကျွေးလို့ အစာငတ်ခံဆန္ဒပြမှု ပြေလည်မှုမရသေး မန္တလေးမြို့က အိုးဘိုအကျဉ်းထောင် အမျိုးသမီးဆောင်မှာ ထမင်းသိုးတွေကြွေးတာကြောင့် ဩဂုတ်၂၀ ရက်က ယာယီဆောင်မှာ နိုင်ငံရေးအကျဉ်းသူတွေ အစာငတ်ခံဆန္ဒပြမှုဖြစ်ခဲ့တယ်လို့ နိုင်ကျဉ်းမိသားစုဝင် တွေကပြောပါတယ်။ ludunwayooဩဂုတ် 26, 2026
သတင်း စစ်ကိုင်းမှာ ရဲတပ်ရင်းအနီး ကင်းစောင့်တဲ့ရဲတွေ တိုက်ခိုက်ခံရ စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ လက်အောက်ခံ ရဲတပ်ရင်း(၁၆)အနီး ယာဥ်တန်းကင်းစောင့်ရင်း ပြည်သူတွေဆီက ငွေကြေးအတင်းအဓမ္မ တောင်းခံနေတဲ့ ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ရဲ ၃ဦး သေဆုံးကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း) က ထုတ်ပြန်ပါတယ်။ ludunwayooဩဂုတ် 26, 2026