သတင်း ဆားလင်းကြီးတွင် စစ်ကောင်စီကင်းစခန်းအား သွားရောက်တိုက်ခိုက်ရာ စစ်သားနှစ်ဦးသေဆုံး ဖေဖော်ဝါရီ ၁၃ရက်က ဆားလင်းကြီးမြို့နယ်တစ်နေရာရှိ စစ်ကောင်စီကင်းစခန်းတစ်ခုအား ဆားလင်းကြီးအခြေစိုက် NRG-PDFအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 16, 2023
သတင်း ဟားခါးမြို့မှစစ်သားနှစ်ဦးပြည်သူ့ရင်ခွင်ခိုလှုံလာ လက်ရှိတွင် CDF-Senthang ထံမှတစ်ဆင့် ရဲတစ်ဦးအပါအဝင်စစ်ကောင်စီတပ်သား ၁၅ ဦး ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း၎င်းကဆက်ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 16, 2023
သတင်း အိုးဘိုထောင်တွင်းနှိပ်စက်မှု သတင်းပေါက်ကြားမှာစိုးလို့ အချုပ်ကျသူတွေကို သက်သေထွက်ဆိုခွင့်ပိတ်ထား ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ရက်က အိုးဘိုအကျဉ်းထောင် အမျိုးသမီး အိပ်ဆောင် (၁)နဲ့ အိပ်ဆောင် (၅)မှာ အမျိုးသမီးအချို့ အချင်းများတာကိုထောင်အာဏာပိုင်တွေကမဖြေရှင်းပေးဘဲ အကျဉ်ထောင်အမျိုးသားဝန်ထမ်းတွေက ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။ LuduNwayOoဖေဖော်ဝါရီ 16, 2023
သတင်း KNUနယ်မြေရှိ စစ်ကြောင်းများအား NUG ကာကွယ်ရေး လက်နက်တပ်ဆင်မှု ဆက်တိုက်ပြုလုပ် နွေဦးတော်လှန်ရေး၏ ၂နှစ်ကျော်ကာလအတွင်း အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို ဂုဏ်ပြုကြောင်းလည်း ဒုစစ်ဒေသမှူးက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 16, 2023
သတင်း “ညနေခင်းသတင်းလွှာ” ဒီနေ့ (ဖေဖော်ဝါရီ ၁၆ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။ LuduNwayOoဖေဖော်ဝါရီ 16, 2023
သတင်း နောင်ချိုမြို့ တိုက်ပွဲတွေကြောင့် စစ်ရှောင်တွေ နေအိမ်မပြန်နိုင်သေး နောင်ချိုမြို့နယ် လုံခန်ရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂၅ ဦး သေဆုံးပြီး MDY PDFက ရဲဘော်၂ဦးကျဆုံးခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။ LuduNwayOoဖေဖော်ဝါရီ 16, 2023
သတင်း ယင်းမာပင်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင် ယာယီနေအိမ်များအား မီးရှို့ဖျက်ဆီး အဆိုပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၃ရက် ကလည်း ယင်းမာပင်မြို့နယ် ရေထွက်ရိုးတောတိုက်သို့ရောက်ရှိလာပြီး လူနေအိမ်၈လုံး၊ရေစက်နှင့်ဆိုင်ကယ်များ၊ ကျောင်းစာသင်ဆောင် လေးဆောင် ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး ထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 16, 2023
သတင်း လက်ပံတန်းတွင် လောင်းကစားဝိုင်းများဦးဆောင်ပြုလုပ်သည့် ပျူခေါင်းဆောင်ကို ပစ်ခတ် ယင်းပစ်ခတ်မှုကြောင့် ကြီးမြင့်သည် သေနတ်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး သာယာဝတီဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီ ၁၅ရက်တွင် စိုးရိမ်ရလူနာအဖြစ် ပို့ဆောင်လိုက်ရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 16, 2023
သတင်း KNU တပ်မဟာ(၃)နယ်မြေတွင် ရွာလုံးကျွတ် တိမ်းရှောင်နေရသည့် ကျေးရွာနှစ်ရွာ တောမီးကြောင့် မီးလောင် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးလာကြဲခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်း၊ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်ခြင်းများကြောင့် ရွာများရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 16, 2023
သတင်း သရက်မြို့မှ စစ်ကောင်စီ၏ ကပစ (၁၂)အား ရှော့တိုက်ဒုံးဖြင့် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက် ယမန်နေ့(ဖေဖော်ဝါရီ ၁၅)ည ၉ နာရီခွဲခန့်က ကပစ (၁၂)တပ်ဝင်းအတွင်းသို့ (၉၀) မမ ရှော့တိုက်ဒုံးနှစ်လုံးဖြင့်ပစ်ခတ်ခဲ့ရာ တပ်ဝန်းအတွင်းရှိ လူပျိုဆောင်နှင့် အရာရှိရိပ်သာကြားတွင် ကျရောက်ပေါက်ကွဲသွားသည်ဟု တပ်ရင်း (၄)က ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 16, 2023