Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းနှစ်ဦးအား ဆေးကုသမှုပေး

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲမှာ တင်းမာနေဆဲ ဖြစ်ပြီး ရှမ်း-ကယား ပြည်နယ်အစပ် မိုးဗြဲ၊ဖယ်ခုံ တို့တွင်လည်း နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်။

(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအား ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ - Free Burma Rangers)
(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအား ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ - Free Burma Rangers)

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်​၏ စစ်သုံ့ပန်းနှစ်ဦးအား ဆေးကုသမှုပေးခဲ့သည့် မှတ်တမ်းကို ကရင်နီ Free Burma Rangers အဖွဲ့က ယနေ့(မေလ ၂၈ရက်)က ထုတ်ပြန် သည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါလျားခူကျေးရွာ အရှေ့ဖက်တောင်ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီကို ကရင်နီပူးပေါင်းတပ်က မေ ၁၄ရက် မှ၂၃ရက်အထိ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တနီးလာလဲ ကျေးရွာတိုက်ပွဲရှေ့တန်း၌ စစ်ကောင်စီ တပ်သားတစ်ဦးအပါအဝင် ဒဏ်ရာရ ရဲဘော် များကို ဘေးကင်းအောင်ကုသခဲ့ပေးခဲ့တယ်”ဟု Free Burma Rangers အဖွဲ့က ပြောသည်။

(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအား ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ - Free Burma Rangers)
(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအား ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ – Free Burma Rangers)

တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၄၀ထက်မနည်းသေဆုံးခဲ့ကာ အရှင်နှစ်ဦး ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သီးခြားထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ ပြောစကားအရ အဲဒီလို ဖြစ်နေတာ။အဓိက ပြောလိုတာ စစ်ကောင်စီအနေနဲ့ သူ့တပ် သားတွေအပေါ် စေတနာမရှိသလို သူတို့အကျိုးစီးပွားအတွက်ပဲ ကြည့်နေတာ။ဒါကြောင့် အောက်ခြေက စစ်ကောင်စီတပ်သားတွေရော မိသားစု တွေအနေနဲ့ အမြန်ဆုံးစွန့်ခွာကြပါ”ဟု KNDF တာဝန်ရှိသူက တိုက်တွန်းသည်။

(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအား ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ - Free Burma Rangers)
(ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲ၌ ဖမ်းဆီးရမိခဲ့သည့် စစ်သုံ့ပန်းအား ဆေးကုသမှုပေးနေစဥ်။ဓာတ်ပုံ – Free Burma Rangers)

အလားတူ ၁၀ရက်ကြာ ဒီးမော့ဆို အရှေ့ခြမ်းတိုက်ပွဲ၌ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် မှ ရဲဘော်ရှစ်ဦး ကျဆုံးခဲ့ရသည်။

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲမှာ တင်းမာနေဆဲ ဖြစ်ပြီး ရှမ်း-ကယား ပြည်နယ်အစပ် မိုးဗြဲ၊ဖယ်ခုံ တို့တွင်လည်း နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။