Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်များကို ဒူးထောက်အညံ့ခံ ပူးပေါင်းခြင်း မပြုလုပ်ရန် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူမိဘများကို NUG တိုက်တွန်း

၂၀၂၃ ခုနှစ်၊ တော်လှန်ရေးကာလအတွင်း အခြေခံပညာရေးကဏ္ဍဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူမိဘများသို့ အသိပေးတိုက်တွန်း နှိုးဆော်ချက်ထုတ် ပြန်ရာ ဖော်ပြထားခြင်းဖြစ်သည်။

(အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၏ ထုတ်ပြန်ချက်)
(အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၏ ထုတ်ပြန်ချက်)

▪︎အချိန်မည်မျှ စောင့်ရမှန်းမသိသည့် ကျောင်းသားမိဘများအနေဖြင့် ၎င်းတို့၏ သား၊ သမီးများကို စစ်ကောင်စီ၏ လက်အောက်ခံကျောင်းများသို့ မအပ်နှံချင်သော်လည်း အပ်နှံနေရဟု ဆရာမတစ်ဦးပြော

စစ်အာဏာရှင် စနစ်ဆိုး တည်တံ့သက်ဆိုးမရှည်နိုင်ဘဲ အမြန်ဆုံးအပြီးတိုင်ကျဆုံးစေရေးအတွက် အကြမ်းဖက် စစ်အာဏာရှင်များကို ဒူးထောက်အညံ့ခံ ပူးပေါင်းခြင်း မပြုလုပ်ရန် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူမိဘများကို NUG ပညာရေးဝန်ကြီးဌာနက အသိပေးတိုက်တွန်းသည်။

၂၀၂၃ ခုနှစ်၊ တော်လှန်ရေးကာလအတွင်း အခြေခံပညာရေးကဏ္ဍဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူမိဘများသို့ အသိပေးတိုက်တွန်း နှိုးဆော်ချက်ထုတ် ပြန်ရာ ဖော်ပြထားခြင်းဖြစ်သည်။

နေအိမ်အခြေပြုသင်ယူခြင်း၊ ပြည်သူ့အခြေပြု‌ကျောင်းများတွင်သင်ယူခြင်း၊ လက်လှမ်းမီရာ နည်းလမ်းအမျိုးမျိုးဖြင့် စဉ်ဆက်မပြတ်ပညာသင်ယူခြင်းကို ဆောင်ရွက်ကြခြင်းဖြင့် အကြမ်းဖက်စစ်ကောင်စီကို ဒူးထောက်သည့် သားကောင်အဖြစ်မှ ရုန်းထွက်တွန်းလှန်တော်လှန်ကြရန် NUG ပညာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်သည်။

သို့သော် တော်လှန်ရေးကာလကြာလာသည်နှင့်အမျှ အချိန်မည်မျှ စောင့်ရမှန်းမသိသည့် ကျောင်းသားမိဘများအနေဖြင့် ၎င်းတို့၏ သား၊ သမီးများကို စစ်ကောင်စီ၏ လက်အောက်ခံကျောင်းများသို့ မအပ်နှံချင်သော်လည်း အပ်နှံနေရကြောင်း ရန်ကုန်မြို့မှ ပုဂ္ဂလိကဆရာမတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျောင်းသားမိဘတွေက တောင့်ခံခဲ့ကြတယ်။ ဒီနှစ်တော့ တော်တော်များများ စကစကျောင်းတွေကို ထားကြမယ်ထင်တယ်။ သူတို့ အပြစ်လည်း မဟုတ်ဘူးလေ။ အရင်နှစ်က NUG အသိအမှတ်ပြုကျောင်းတချို့က သေသေသပ်သပ်မလုပ်တော့ လုံခြုံရေးကျိုးပေါက်တယ်။ information က အတိအကျပေးရတော့ အရင်လိုထပ်ဖြစ်ရင်ဆိုပြီး ကြောက်လာကြတယ်” ဟု အထက်ပါ ဆရာမက ပြောသည်။

NUG ပညာရေးဝန်ကြီးဌာန၏ နေအိမ်အခြေပြုပညာရေးနှင့် NUG ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုလက်မှတ်ရရှိထားသော ပြည်သူ့အခြေခံပညာရေးကျောင်းများမှ သင်ကြားပေးသော သင်ရိုးညွှန်တမ်းနှင့် စနစ်မှာ အဆင့်မြင့်ပြီး ကောင်းမွန်မှုရှိသော်လည်း ပြည်တွင်း၌ အင်တာနက်လိုင်းမကောင်းခြင်း၊ အင်တာနက်စရိတ်ကြီးမြင့်ခြင်း၊ မီးမမှန်ခြင်းစသည့် အခက်အခဲများရှိကြောင်း အထက်ပါ ဆရာမက ဆက်ပြောသည်။

NUG ပညာရေးဝန်ကြီးဌာနကမူ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ နေအိမ်အခြေပြုသင်ယူနိုင်ရန် https://www.facebook.com/BE.moeNUG/ ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုလက်မှတ်ရရှိထား သော ပြည်သူ့အခြေပြုအခြေခံပညာရေးကျောင်းများ https://moe.nugmyanmar.org/be/onlineschools များကို ဖော်ပြထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အပြင် အခြားသောစစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနဲ့ ဆေးဝါး၊ လေ့ကျင့်ရေး၊ စစ်ဆင်ရေးနဲ့ မဟာမိတ်မျှဝေမှုတွေကို ပြည်ထောင်စုရန်ပုံငွေမှ ရရှိသော ရန်ပုံငွေများမှ မျှဝေသုံးစွဲလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ သတိပေးလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဩဂုတ် ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။