Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်ကောင်စီ၏ မိုင်းဖျက်ယာဥ်အပါအဝင် ယာဥ်တန်းအား နှစ်ကြိမ်တိုက်ခိုက်

စစ်ကောင်စီတပ်သည် စစ်ကိုင်းမှ မုံရွာမြို့အထိ လမ်းတစ်လျှောက် ကင်းပုန်းများအထပ်ထပ်ချထားပြီး လမ်းတစ်လျှောက်ရွာများအား ဝင်ရောက်မွှေနောက်နေကြောင်း၊ ပြည်သူအများအပြားလည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

(ပြီးခဲ့သည့် ၂၀၂၂ အတွင်းက မုံရွာ-မန္တလေးလမ်းတွင် စစ်ကားတစ်စီးမိုင်းထိပြီးနောက် ရပ်တန့်ထားစဥ်။ ဓာတ်ပုံ-CJ)
(ပြီးခဲ့သည့် ၂၀၂၂ အတွင်းက မုံရွာ-မန္တလေးလမ်းတွင် စစ်ကားတစ်စီးမိုင်းထိပြီးနောက် ရပ်တန့်ထားစဥ်။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ မိုင်းဖျက်ယာဥ်အပါအဝင် ယာဥ်တန်းအား နှစ်ကြိမ်တိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်များကြောင်း မုံရွာခရိုင်အမှတ်(၁၁) တပ်ရင်း၊ PDF-South Monywaက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၂၇ ရက်) ည ၈ နာရီခွဲခန့်က မုံရွာ – မန္တလေးလမ်းတွင် ချောင်းဦးမှ မုံရွာမြို့သို့ထွက်လာသော စစ်ကားတစ်စီးကားအား ခင်မွန်နှင့်မြေနဲကျေးရွာကြားတွင် ပဒေသာမိုင်း သုံးလုံးတွဲ နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဉ်အား ထိမှန်ကြောင်း PDF-South Monywa၏ တာဝန်ခံ Oxygenက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်အမှတ်(၁၁) တပ်ရင်း၊ People’s Defence Force – South Monywaနှင့် မုံရွာခရိုင်တပ်ရင်း(၁၁) တပ်ခွဲ(၃) Forces Our History (FOH)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့ကပင် မုံရွာမြို့မှ စစ်ကိုင်းမြို့ဘက်သို့ ထွက်လာသော စစ်ကောင်စီ၏ သုံးစီးပါ ယာဥ်တန်းအား နံနက် ၄နာရီ ၂၀မိနစ်ခန့်က မုံရွာ-မန္တလေးလမ်းပိုင်းတွင် ဘိုးမင်းကြီးကင်းနှင့် နတ်ရေကန်ကြား၌ ပဒေသာမိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးဂျန်ဘာကားအား တည့်တည့်ထိမှန်သွားခဲ့ကြောင်း၊ ကားမှာ အမိုးများပွင့်ထွက်သွားပြီး သေဆုံးထိခိုက်သူများကြောင်း PDF-South Monywa၏ တာဝန်ခံ Oxygenက ပြောသည်။

Public Service Announcement

Public Service Announcement

“အကူးအပြောင်းဖြစ်မယ်။ စခတွေပဲပါပါတယ်။ ရှေ့ဆုံးကလာတဲ့ဂျန်ပါကားကို ထိထိမိမိဆွဲလိုက်နိုင်ပါတယ်။ ကားကအမိုးတွေပွင့်ထွက်သွားပြီး တော်တော်ထိခိုက်သွားပါတယ်။ တော်တော်များများတော့သေမယ်။ အတိအကျတော့မသိရသေးပါဘူး။”ဟု တာဝန်ခံ Oxygenက ပြောသည်။

စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်သော်လည်း ရဲဘော်များအထိအခိုက်မရှိကြောင်း၊ စစ်ဆင်ရေးများကို မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း (People`s Defence Force-South Monywa)က ဦးဆောင်ပြီး Myintmu Local Defence Force၊ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း တပ်ခွဲ(၂) SGG၊ ၊Myanmar Islamic Commando PDF၊Monywa Peacock Defence Force စသည့် မဟာမိတ်(၅)ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း အသိပေးထားသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းမှ မုံရွာမြို့အထိ လမ်းတစ်လျှောက် ကင်းပုန်းများအထပ်ထပ်ချထားပြီး လမ်းတစ်လျှောက်ရွာများအား ဝင်ရောက်မွှေနောက်နေကြောင်း၊ ပြည်သူအများအပြားလည်း ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

“လမ်းသွားလမ်းလာပြည်သူတွေကိုလည်း လမ်းတစ်လျှောက်ဖမ်းဆီးပြီး မိုင်းရှာခိုင်းတာ မိုင်းတွေဖော်ပြီး နီးစပ်ရာသူတို့ဂိတ်စခန်းတွေကိုပို့ခိုင်းတာတွေလုပ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ကပင် မုံရွာ-မန္တလေးလမ်းမကြီးပေါ်၌ စစ်ကောင်စီယာဥ်တန်းအား ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။