Connect with us

Hi, what are you looking for?

သတင်း

ကျွန်းစုမြို့နယ်တွင် စက်​လှေဖြင့်လာ​သောစစ်တပ်ကို​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်

ဘဒ္ဒနဲကျေးရွာအနီးတွင် ပြီးခဲ့သည့် မတ်လအတွင်းက ရေကြောင်းတိုက်ပွဲတစ်ခု၌ စစ်ကောင်စီဘက်က လေးဦးသေဆုံးသွားခဲ့ကြောင်း ​ဒေသခံနှင့် ပြည်သူ့ကာကွယ်​ရေးအဖွဲ့များက​ပြောသည်။

(ကျွန်းစုမြို့နယ်ကို Google Map တွင်​တွေ့ရပုံ)
(ကျွန်းစုမြို့နယ်ကို Google Map တွင်​တွေ့ရပုံ)

တနင်္သာရီတိုင်းကျွန်းစုမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် ရေကြောင်းမှ စက်လှေဖြင့်လာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တနင်္သာရီစစ်ဒေသခွဲ စစ်ရေးတာဝန်ခံက​ပြောသည်။

မေလ ၂၆ရက် နေ့လယ် ၁နာရီခန့်က အင်အား ၂၀ ခန့်လိုက်ပါလာသော စစ်ကောင်စီစက်လှေတစ်စီးကို ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအနီးတွင် ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း (၂)နှင့် တနင်္သာရီ ကာကွယ်ရေးပြောက်ကျားအဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စက်လှေတစ်စင်းတက်လာတယ်။ ဒါကို ကျွန်းစု ပကဖရယ်၊ မိခင်တပ်ရင်း၂ရယ်၊ တနင်္သာရီ ပကဖရယ်ကတိုက်ခိုက်ခဲ့တယ်” ဟု တနင်္သာရီစစ်ဒေသခွဲ စစ်ရေးတာဝန်ခံက People’s Spring သို့ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှထိခိုက်မှုကိုအသေးစိတ်မပြောနိုင်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်းအတွင်းကမ်းရိုးတန်းထိစပ်ဒေသများတွင် မြေပြင်တိုက်ပွဲများ၌ စစ်ကောင်စီတပ်က အထိနာပြီးနောက် ရေကြောင်းမှ အင်အားဖြည့်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ ရေ‌​ကြောင်းမှ အင်အားဖြည့်တင်းနေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ​ရေ​ကြောင်းမှမကြာခဏတိုက်ခိုက်နေသည်။

ဘဒ္ဒနဲကျေးရွာအနီးတွင် ပြီးခဲ့သည့် မတ်လအတွင်းက ရေကြောင်းတိုက်ပွဲတစ်ခု၌ စစ်ကောင်စီဘက်က လေးဦးသေဆုံးသွားခဲ့ကြောင်း ​ဒေသခံနှင့် ပြည်သူ့ကာကွယ်​ရေးအဖွဲ့များက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။