Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းတွင် ရွာမီးလောင်မှု မီးငြှိမ်းသတ်သည့် ရွာသားတစ်ဦးကို စစ်တပ်က ပစ်သတ်

ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသသည် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကာ ဒေသခံပြည်သူအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

(ရေလယ်ကျွန်းဒေသရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(ရေလယ်ကျွန်းဒေသရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

▪️ရေလယ်ကျွန်းဒေသ၌ သုံးရက်အတွင်း အသတ်ခံရသူ သုံးဦးအထိရှိလာ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ ရောက်ရှိနေသော စစ်ကောင်စီတပ်က ကျေးရွာ မီးလောင်မှု မီးငြှိမ်းသတ်သည့် ဒေသခံရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး သုံးရက်အတွင်း ဒေသခံပြည်သူ သုံးဦး အသတ်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မေလ ၂၈ ရက်) ညက ရေလယ်ကျွန်းဒေသရှိ မိဖုရားနှင့် မဲကုန်းကျေးရွာတွင် ညအိပ်တပ်စွဲသွားသော စစ်ကောင်စီတပ်သည် မဲကုန်းရွာ ဒေသခံပြည်သူအမျိုးသားတစ်ဦးကို သတ်ဖြတ် ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ရုပ်အလောင်းကို တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။

“မဲကုန်းရွာက ပြည်သူတစ်ဦးက ရွာထဲမီးဝင်ငြှိမ်းရင်း ပစ်သတ်ခံလိုက်ရတာလို့ သိရတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(ရေလယ်ကျွန်းဒေသရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(ရေလယ်ကျွန်းဒေသရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

ယနေ့နံနက်ပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်သည် မိုးဖြူ၊ မိုးကွဲ နှင့် ချင်းယားကျေးရွာများကို ပစ်ခတ်ဝင်ရောက်နေပြီး ဝါးဘိုးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မေလ ၂၆ ရက်ကစတင်ဝင်ရောက်ပြီး ယမန်နေ့ (မေလ ၂၈ ရက်)အထိ ကျေးရွာ ၁၈ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။ထို့အပြင် စစ်ကောင်စီတပ်က ဒေသခံပြည်သူ သုံးဦးအား သတ်ဖြတ်ထားပြီး ၎င်းတို့၏ လက်နက်ကြီးထိ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းရှိနေဆဲဖြစ်၍ မီးလောင်ပျက်စီးသည့် နေအိမ်အရေအတွက်အား မသိရသေးပေ။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူများကို လိုက်လံပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေပြီး မြစ်ကမ်းနားရှိ ဒေသခံပြည်သူများ၏ စက်လှေများ၊ မော်တော်ယာဉ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း Yaylalkyun News က ဖော်ပြသည်။

(ရေလယ်ကျွန်းဒေသရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(ရေလယ်ကျွန်းဒေသရှိ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

အဆိုပါ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အနီးဝန်းကျင် ရွာများမှ ပြည်သူ ၂၁,၀၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသသည် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကာ ဒေသခံပြည်သူအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။