Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတိုက်ပွဲတွင် ကရင်နီ‌တော်လှန်ရေးတပ်ပေါင်းစု ဆေးတပ်မှ ရဲဘော်နှင့် ရဲမေ လေးဦးကျဆုံး

လက်ရှိ ကရင်နီပြည်နယ်တွင် စစ်ကောင်စီက ဘက်ပေါင်းစုံ ထိုးစစ်ဆင်နေပြီး အထူးသဖြင့် ဒီးမော့ဆို အရှေ့ခြမ်းကို တပ်ရင်း (၈)ခုသုံးကာ ထိုးစစ်ဆင်နေသည်။

(ကျဆုံးခဲ့သည့် ရဲဘော်၊ ရဲမေများအား တွေ့ရစဉ်။ ဓာတ်ပုံ - KRU)
(ကျဆုံးခဲ့သည့် ရဲဘော်၊ ရဲမေများအား တွေ့ရစဉ်။ ဓာတ်ပုံ - KRU)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲတွင် ကရင်နီ‌တော်လှန်ရေးတပ်ပေါင်းစု၏ Medic Unit (Demoso) ဆေးတပ်ဖွဲ့ မှ ရဲဘော်နှင့် ရဲမေ လေးဦးကျဆုံးခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)က ယနေ့ ထုတ်ပြန်သည်။

ကျဆုံးခဲ့သည့် ရဲဘော်၊ ရဲမေများသည် တော်လှန်ရေး၏ အရေးပါသော ဆေးကုသရေးကဏ္ဍကို လုပ်ဆောင်နေစဉ်အတွင်း ယမန်နေ့က မြင့်မြတ် စွာ အသက်ပေးလှူသွားခဲ့ခြင်းဟု ဆိုသည်။

(ကျဆုံးခဲ့သည့် ရဲဘော်၊ ရဲမေများအား တွေ့ရစဉ်။ ဓာတ်ပုံ - KRU)
(ကျဆုံးခဲ့သည့် ရဲဘော်၊ ရဲမေများအား တွေ့ရစဉ်။ ဓာတ်ပုံ – KRU)

“အဓိကတော့ လေကြောင်း ရန်ပေါ့။ နေရာနဲ့ ဖြစ်စဥ်ကိုတော့ လက်ရှိအထိတိုက်ပွဲအခြေအနေကြောင့်မပြောနိုင်သေးဘူး”ဟု KRU တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ရဲဘော်၊ ‌ရဲမေ လေးဦး၏ တော်လှန်ရေး၌ ထားရှိခဲ့သော သစ္စာတရားများကို လေးစားလျက် ယနေ့ နာရေးအခမ်းအနား ပြုလုပ်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မြင့်မြတ်စွာအသက်ပေးလှူ‌သွား‌ သော Medic Unit (Demoso) ဆေးတပ်ဖွဲ့ ရဲ‌ဘော်၊ရဲမေများအား တော်လှန်ရေး၏ အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြောင်းလည်း ထုတိပြန်ချက်၌ ဖော်ပြသည်။

လက်ရှိ ကရင်နီပြည်နယ်တွင် စစ်ကောင်စီက ဘက်ပေါင်းစုံ ထိုးစစ်ဆင်နေပြီး အထူးသဖြင့် ဒီးမော့ဆို အရှေ့ခြမ်းကို တပ်ရင်း (၈)ခုသုံးကာ ထိုးစစ်ဆင်နေသည်။

ထို့အပြင် ရှမ်း-ကယားနယ်စပ် ဖယ်ခုံနှင့် မိုးဗြဲ မြို့များတွင် နေ့စဥ်ထိတွေ့မှုများရှိနေပြီး နှစ်ဖက် ထိခိုက်မှုများ ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။