သတင်း မော်လမြိုင်ရှိ ရတခတိုင်းစစ်ဌာနချုပ်ကို တော်လှန်ရေးအဖွဲ့များ ဒရုန်းဖြင့်တိုက်ခိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လေယာဉ်ကွင်း သည်ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရားသုံးဆူနှင့်ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွဒေသ ဘက်သို့ စစ်တပ်ကလေကြောင်းမှ တိုက်ခိုက်ရာတွင်အသုံးပြုနေသောကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းမော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက မတ် ၁၇တွင်ထုတ်ပြန်သည်။ LuduNwayOoမတ် 18, 2023
သတင်း မိုးညိုမြို့နယ်တွင် ပျူများဦးဆောင်ပြုလုပ်သော လောင်းကစားဝိုင်း PDF တိုက်ခိုက်၊ သုံးဦးသေ ခုနစ်ဦးဒဏ်ရာရဟုဆို တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအနက် သုံးဦးမှာ ရေကင်းဆေးရုံးရောက်မှ သွေးထွက်လွန်သေဆုံးခြင်းဖြစ်ကာ ကျန်ခုနစ်ဦးမှာ ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြသည်။ LuduNwayOoမတ် 18, 2023
သတင်း လင်ဖုံလေးလမ်းခွဲရှိ စစ်ကောင်စီကင်းပုန်းအား KNDF စနိုက်ပါဖြင့်ပစ်ခတ် ယမန်နေ့(မတ်လ ၁၇ ရက်)၊နံနက် ၆ နာရီခွဲခန့်တွင် KNDFတပ်ပေါင်းစုမှ လွိုင်ကော်မြို့၊ လင်ဖုံလေးလမ်းခွဲရှိ စစ်ကောင်စီတပ် ကင်းပုန်းတစ်ခုမှ စစ်ကောင်စီတပ်သားများအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoမတ် 18, 2023
သတင်း ရေစကြိုစစ်ကောင်စီတပ် ကင်းစောင့်အဖွဲ့တိုက်ခိုက်ခံရ၊ စစ်မှုထမ်းဟောင်း တစ်ဦးသေ ရေစကြို(ပကဖ) အနေဖြင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်သူလူထုများ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေသည့် တော်လှန်ရေးဖြစ်၍ ပြည်သူများအနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီကြရန် ရဲဘော်ဝေကြီးက ပြောကြားထားသည်။ LuduNwayOoမတ် 18, 2023
သတင်း “ညနေခင်းသတင်း” ဒီနေ့ (မတ်လ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။ LuduNwayOoမတ် 18, 2023
သတင်း စစ်ကောင်စီအခြေစိုက်စခန်း ဘုရင့်နောင်တပ်မြို့ကို KNLA သွားရောက်တိုက်ခိုက် မတ်လ(၁၇)ရက် မနက်နှင့် ညနေပိုင်းတို့တွင် ကရင်ပြည်နယ် သံတောင်ကြီးမြို့ရှိ ဘုရင့်နောင်တပ်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၂) တပ်ရင်း(၅)တပ်ဖွဲ့ဝင်များက လက်နက်ကြီးရှော့တိုက်ဒုံးဖြင့် (၃)ကြိမ် သွားရောက်ပစ်ခတ်ခဲ့သည်ဟု အထက်ပါသတင်းရင်းမြစ်တို့က အတည်ပြု ပြောကြားသည်။ LuduNwayOoမတ် 18, 2023
သတင်း တွန်းဇံမြို့နယ်တွင် စစ်ကောင်စီတပ် စွန့်ခွာသွားသည့် ဒါရ်ခိုင်းတပ်စခန်းကို CNA မီးရှို့ဖျက်ဆီး အမှတ်(၂၆၈)ခြေလျင်တပ်ရင်း ဒါရ်ခိုင်းတပ်စခန်းကို CNAတပ်ဖွဲ့က မတ်လ ၁၇ရက်တွင် ဝင်ရောက်မီးရှို့ခဲ့ကြောင်း The Rihli Voiceက ဖော်ပြခဲ့ရာ ဆလိုင်းထက်နီက အတည်ပြုဖြေကြားခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 18, 2023
သတင်း စစ်ကောင်စီထံ မှတ်ပုံပြန်တင်တဲ့ နိုင်ငံရေးပါတီ ၂၉ ခုရှိနေ ကျန်တဲ့ ပါတီတွေကတော့ တိုင်းနဲ့ ပြည်နယ်အဆင့်မှာပဲ ပြိုင်ကြဖို့ မှတ်ပုံတင်ကြတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ LuduNwayOoမတ် 18, 2023
သတင်း နေပြည်တော် ခမရ(၆၀၄)တပ် လက်နက်ကြီးဖြင့်တိုက်ခိုက်ရာ စစ်တန်းလျားထိမှန်ဟု NUG ကာကွယ်ရေး အသိပေး မတ်လ ၁၃ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော် PDF လက်နက်ကြီးအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ LuduNwayOoမတ် 18, 2023
သတင်း ထီးလင်းတွင် စစ်ကားတန်းရှေ့ပြေးမိုင်းရှင်းလင်းရေးအဖွဲ့မိုင်းဆွဲခံရပြီးအထိနာ စစ်ကား ၃၂ စီးပါ စစ်ကောင်စီယာဉ်တန်းသည် ပခုက္ကူ၊ ပေါက်၊ ကျောက်ထုလမ်းအတိုင်းဖြတ်သန်းလာစဥ်မတ်လ ၁၅ရက် မနက်ထီးလင်းမြို့ကိုဖြတ်ကျော်လာပြီးနောက်ပိုင်းမိုင်းဆွဲတိုက်ခိုက်မှုဆက်တိုက်ခံခဲ့ရသည်။ LuduNwayOoမတ် 18, 2023