Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော် ခမရ(၆၀၄)တပ် လက်နက်ကြီးဖြင့်တိုက်ခိုက်ရာ စစ်တန်းလျားထိမှန်ဟု NUG ကာကွယ်ရေး အသိပေး

မတ်လ ၁၃ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော် PDF လက်နက်ကြီးအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

(နေပြည်တော် ခမရ (၆၀၄)တပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - MOD- NUG)
(နေပြည်တော် ခမရ (၆၀၄)တပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - MOD- NUG)

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာအနီးရှိ ခမရ(၆၀၄) တပ်ရင်းသို့ လက်နက်ကြီး လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မတ်လ ၁၃ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော် PDF လက်နက်ကြီးအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

လက်နက်ကြီး လေးလုံးအနက် တစ်လုံးမှာ ရန်သူ့တပ်၏ စစ်တန်းလျားသို့ တိုက်ရိုက်ထိမှန်ခဲ့ပြီး တစ်လုံးမှာ လက်နက်တိုက်အနီးတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ ကျန်နှစ်လုံးမှာ တပ်ရင်းအနီးပတ်ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဖော်ပြသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုအပြီးတွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော် များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ခမရ(၆၀၄)တပ်ရင်းသည် ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ လိပ်သိုဗျုဟာတွင် စစ်ရေးလှုပ်ရှားနေသော တပ်ရင်းတစ်ခုဖြစ်ပြီး PDFက ခမရ(၆၀၄) တပ်ရင်း၏ နောက်တန်းပင်မ အထိုင်စခန်းကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်တိုက်ခိုက်မှုအတွင်း (၆၀၄)တပ်ဝန်းအတွင်းရှိ စစ်တန်းလျားအား လက်နက်ကြီးတစ်လုံး တိုက်ရိုက်ထိမှန်ပြီး တစ်လုံးမှာ လက်နက်တိုက်အနီးကျရောက်ပေါက်ကွဲကာ ကျန်နှစ်လုံးမှာ တပ်တွင်းကျောင်းခြံစည်းရိုးပေါ်နှင့် တပ်ရှေ့ကျောက်ကွင်းတို့တွင် ကျရောက်ပေါက်ကွဲသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – နေပြည်တော် (NPT-PDF)မှ တာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောထားသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးဝန်း ကျင်ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ၁၀ ချက်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန် ရေးရဲဘော်များနှင့် ဒေသခံပြည်သူများ အထိအခိုက်မရှိခဲ့ဟု ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

“ကျွန်​တော်တို့က ​မြေပိုင်ထားပြီးသားဖြစ်လို့ စစ်ကိုနိုင်​အောင်တိုက်နိုင်ပါတယ်လို့​ပြောချင်ပါတယ်။ ​နေပြည်​တော်ဟာ ပြည်သူအားလုံးလိုချင်​နေတဲ့​ နွေဦး​အောင်ပွဲပါ။ အဲ့အတွက် လုံခြုံ​ရေးတင်းကျပ်သည့်ကြားက ရ​အောင်​တော်လှန်ပြီး ပြည်သူ့​အောင်ပွဲယူ​ဆောင်​ပေးသွားပါမယ်”ဟု NPT-PDF မှ တာဝန်ရှိသူက ပြည်သူလူထုထံ သတင်းစကားပါးသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်ကလည်း လယ်ဝေးမြို့နယ်ရှိ စစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ်ဝန်းအတွင်းသို့ NPT-PDF တပ်ဖွဲ့ဝင်များက တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဖေဖော်ဝါရီ နောက်ဆုံးပတ်နှင့် ယခု မတ်လဆန်းတို့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန မြို့ပြအထူးစစ်ဆင်ရေးဌာနအောက်ရှိ UG ရဲဘော်များက စစ်ရေးပစ်မှတ်လေးခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား အစိုးရဟာ ကာကွယ်ရေး ဝန်ကြီးကို ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။