Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (မတ်လ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎နေပြည်တော်ရှိ ခမရ(၆၀၄)ကိုလက်နက်ကြီးနဲ့ပစ်ခတ်၊ စစ်တန်းလျားထိမှန်ဟု NUG ကာကွယ်ရေး အသိပေး

နေပြည်တော်၊ လယ်ဝေးမြို့နယ် အောင်နန်းချိုကျေးရွာအနီးရှိ ခမရ(၆၀၄) တပ်ရင်းသို့ လက်နက်ကြီး လေးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မတ်လ ၁၃ ရက် ညပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ နေပြည်တော် PDF လက်နက်ကြီးအဖွဲ့မှ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ လက်နက်ကြီး လေးလုံးအနက် တစ်လုံးမှာ ရန်သူ့တပ်ရဲ့ စစ်တန်းလျားသို့ တိုက်ရိုက်ထိမှန်ခဲ့ပြီး တစ်လုံးမှာ လက်နက်တိုက်အနီးတွင် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ကျန်နှစ်လုံးမှာ တပ်ရင်းအနီးပတ်ဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြပါတယ်။

(နေပြည်တော် ခမရ (၆၀၄)တပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ - MOD- NUG)
(နေပြည်တော် ခမရ (၆၀၄)တပ် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ – MOD- NUG)

▪︎မြိုင် Well 2 ရေနံမြေစခန်းကို PDFများ ဝင်ရောက် တိုက်ခိုက်၊​​လေ​ကြောင်းလာကူ၍စခန်းမသိမ်းနိုင်ခဲ့

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ Well 2 ရေနံမြေစခန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးတယ်လို့ Eagle Brigade အဖွဲ့ ခေါင်းဆောင် Joe Blackက ပြောပါတယ်။ ဒါပေမဲ့ စစ်အုပ်စုက ရဟတ်ယာဥ်နဲ့ လာရောက်ပစ်ကူခဲ့လို့ ရဲဘော်တစ်ဦးကျဆုံးခဲ့ရတယ်လို့ ဆက်ပြောပါတယ်။ မနေ့က မြိုင်နဲ့ ပေါက် နယ်စပ်ရှိ စစ်ကောင်စီတပ်စွဲရာ Well 2 ရေနံမြေစခန်းကို မဟာမိတ်အဖွဲ့များပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

▪︎ထီးလင်းမှာ စစ်ကားတန်း​ရှေ့​ပြေးမိုင်းရှင်းလင်း​ရေးအဖွဲ့ မိုင်းဆွဲခံရပြီး အထိနာ

မကွေးတိုင်း၊ထီးလင်းမြို့နယ်သို့ လာရောက်တဲ့ စစ်ကောင်စီယာဥ်တန်း​ရှေ့​ပြေး မိုင်းရှင်းလင်း​ရေးအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ရာတွင် လေးဦး ပွဲချင်းပြီးသေဆုံးကာ မြေမြှုပ်သဂြိုလ်ထားတဲ့ စစ်ကောင်စီတပ်သားအလောင်းများကို Yaw Revolution Army -YRA ထီးလင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ ညနေပိုင်းက ဆေးမင်းတောကျေးရွာမြောက်ဘက်ရှိ အင်းနားလမ်းခွဲသို့ ရောက်ရှိလာတဲဲ့ စစ်ကောင်စီတပ်ကားတန်းရှေ့ပြေးပွိုင့်မှ မိုင်းရှင်းလင်းရေးတပ်ဖွဲ့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လေးဦးပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ ဖော်ပြပါတယ်။ ဒါ့အပြင် စစ်ယာဉ်တန်းကို ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်းများ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့တယ်လို့ ယောအလင်းတန်းနဲ့ ယောအမျိုးသားကာကွယ်ရေးတပ်-YNRF(ဂန့်ဂေါခရိုင် တပ်ရင်း ၁၈)တို့ကလည်း အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

(စစ်​တပ်ယာဥ်တန်းကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-YRAထီးလင်း)
(စစ်​တပ်ယာဥ်တန်းကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-YRAထီးလင်း)

▪︎ထိန်းချုပ်နယ်မြေများအတွင်း ဖြတ်သန်းသွားလာခွင့်အတွက် ကြိုတင်အကြောင်းကြားဖို့ NUG ပြည်ထဲရေးထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်နယ်မြေများအတွင်း ဖြတ်သန်းသွားလာခွင့်နဲ့ လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် ကြိုတင်အကြောင်းကြား အသိပေးဖို့ ပြည်တွင်းပြည်ပ အဖွဲ့များကို NUG ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အမိန့်ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ထိန်းချုပ်နယ်မြေများအတွင်း ဖြတ်သန်းသွားလာခွင့်အတွက် ကြိုတင်အကြောင်းကြားရန် ပြည်တွင်းပြည်ပ အဖွဲ့များအား NUG ပြည်ထဲရေးအသိပေး
ထိန်းချုပ်နယ်မြေများအတွင်း ဖြတ်သန်းသွားလာခွင့်အတွက် ကြိုတင်အကြောင်းကြားရန် ပြည်တွင်းပြည်ပ အဖွဲ့များအား NUG ပြည်ထဲရေးအသိပေး

ပြည်သူ့နွေဦးတော်လှန်ရေး (၂)နှစ်ပြည့်လာတဲ့ အချိန်မှာ ပြည်သူ့ဦးဆောင်မှု၊ တော်လှန်ရေးအင်အားစုများရဲ့ တိုက်ပွဲဝင်မှု အသီးအပွင့်အဖြစ် NUG ဟာ စိုးမိုးထိန်းချုပ်နယ်မြေများရရှိလာခဲ့ပြီလို့ အသိ​ပေးထားပါတယ်။ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့စည်းများအနေနဲ့ NUG ထိန်းချုပ်နယ်မြေများအတွင်း စစ်တမ်းကောက်ယူခြင်း၊ ဖြတ်သန်းသွားလာခြင်းနဲ့ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ခြင်းတို့အတွက် NUG ရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ကြိုတင်အသိပေးအကြောင်းကြားပြီးမှသာ ဆောင်ရွက်သွားဖို့ အသိပေးထားပါတယ်။

▪︎ချင်းတောင်လာတဲ့ စစ်ကောင်စီယာဉ်တန်း နှစ်ခုလုံး တိုက်ခိုက်ခံရ

ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာနဲ့ ချင်းပြည်နယ်တောင်ပိုင်း မတူပီဗျူဟာသို့ လက်နက်ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီယာဉ်တန်းများ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

(ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာနှင့်ချင်းပြည်နယ်တောင်ပိုင်း မတူပီ ဗျူဟာသို့ ဦးတည်လာနေသော စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat၊The Chin Journal)
(ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာနှင့်ချင်းပြည်နယ်တောင်ပိုင်း မတူပီ ဗျူဟာသို့ ဦးတည်လာနေသော စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ – HKL Mindat၊The Chin Journal)

စစ်ကောင်စီယာဥ်တန်းကို ချင်းတပ်ဖွဲ့နဲ့ ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့တာလို့ ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ဒေသခံတို့က အသိပေးပါတယ်။ အခုလအတွင်း စစ်ကိုင်းတိုင်း ကလေးမြို့မှ ကလေး- ဖလမ်း- ဟားခါးသို့ ဦးတည်လာတဲ့ တင့်ကား နှစ်စီးပါ ယာဉ်တန်း နဲ့ ပခုက္ကူ – ကျောက်ထု- မင်းတပ် -မတူပီသို့ ဦးတည်တဲ့ စစ်ယာဉ်တန်းတို့ဟာ လက်ရှိ လမ်းခရီးမှာ တိုက်ခိုက်မှုများနဲ့ ကြုံနေရပြီး သေဆုံးထိခိုက်မှုများရှိနေတာပါ။

(ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာနှင့်ချင်းပြည်နယ်တောင်ပိုင်း မတူပီ ဗျူဟာသို့ ဦးတည်လာနေသော စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ - HKL Mindat၊The Chin Journal)
(ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးဗျူဟာနှင့်ချင်းပြည်နယ်တောင်ပိုင်း မတူပီ ဗျူဟာသို့ ဦးတည်လာနေသော စစ်ကောင်စီယာဉ်တန်းအား တွေ့ရစဉ်။ ဓာတ်ပုံ – HKL Mindat၊The Chin Journal)

▪︎ငါန်းဇွန်မှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဒေသခံတစ်ဦးကို PDFဟုစွပ်စွဲဖမ်းဆီးလာတဲ့ စစ်ကောင်စီတပ်က မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်တစ်ဦးအပါအဝင် လေးဦးသေဆုံးတယ်လို့ စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)-MSPDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မတ်လ ၁၆ ရက် ညနေပိုင်းက ငါန်းဇွန်မြို့နယ်၊ နတ်ကြီးကျေးရွာကို ဒလန်သတင်းပေးမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဒေသခံတစ်ဦးကို ဖမ်းဆီး​သွားခဲ့ပါတယ်။ အဲဒီစစ်ကောင်စီတပ်ကို နတ်ကြီးရွာ အရှေ့ဘက်အရောက်မှာ မိုင်းလေးလုံးနဲ့ ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ MSPDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎ပေါက်တောင်ပိုင်း စစ်အုပ်စုကို လက်နက်ကြီးနဲ့ နှစ်နာရီကြာ ပစ်ခတ်

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်း ဒီးဒုတ်ကွင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ကို မဟာမိတ်လေးဖွဲ့ပူးပေါင်းပြီး လက်နက်ကြီးများနဲ့ နှစ်နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင် PDFတပ်ရင်း (၂)က ပြောပါတယ်။ တိုက်ခိုက်မှုကို မတ်လ ၁၅ ရက် ညနေပိုင်းက မကွေးခရိုင် အမှတ် (၂)တပ်ရင်း၊ တပ်ခွဲ (၂)တောင်တွင်းကြီးတပ်ခွဲ၊ ပေါက်တပ်ရင်း (၄)၊ King Fighter Special Guerrilla Force၊ ပေါက် Zone-5 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ ဒီးဒုတ်ကွင်းကျေးရွာရှိ ပျူစောထီးများဟာ စစ်ကောင်စီတပ်ကို ရပ်ရွာအတွင်း တပ်စွဲထားစေတဲ့အပြင် အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုးရာမှာ စစ်တပ်နဲ့အတူလိုက်ပါပြီး အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ရာမှာ ပါဝင်နေခြင်းကြောင့် အခုလို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ