Connect with us

Hi, what are you looking for?

သတင်း

မိုးညိုမြို့နယ်တွင် ပျူများဦးဆောင်ပြုလုပ်သော လောင်းကစားဝိုင်း PDF တိုက်ခိုက်၊ သုံးဦးသေ ခုနစ်ဦးဒဏ်ရာရဟုဆို

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအနက် သုံးဦးမှာ ရေကင်းဆေးရုံးရောက်မှ သွေးထွက်လွန်သေဆုံးခြင်းဖြစ်ကာ ကျန်ခုနစ်ဦးမှာ ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

(သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ပျူစောထီးများဦးဆောင်ပြုလုပ်နေသော လောင်းကစားဝိုင်းတစ်ခုအား ယခုနှစ်အတွင်းက တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ပျူစောထီးများဦးဆောင်ပြုလုပ်နေသော လောင်းကစားဝိုင်းတစ်ခုအား ယခုနှစ်အတွင်းက တွေ့ရစဥ်။ဓာတ်ပုံ - CJ)

ပဲခူးတိုင်း မိုးညိုမြို့နယ် ရေကင်းကျေးရွာ ရဲစခန်းအနီရှိ လောင်းကစားဝိုင်းကို လက်ပစ်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ – ၄ မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယမန်နေ့ (မတ်လ ၁၇ ရက်) နေ့လည် ၁ နာရီခန့်က ရေကင်းရဲစခန်းနောက်ဘက်တွင် ပျူစောထီးများ၊ ပြည်ခိုင်ဖြိုပါတီ အလုပ်အမှုဆောင်များ ဦးဆောင်ပြုလုပ်နေသော လောင်းကစားဝိုင်းအား ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုတွင် ပျူစောထီး ၁၀ဦး ထိခိုက်သေဆုံးသွားသည်ဟု ဆိုသည်။

“သုံးယောက်သေတယ်။ ခုနစ်ယောက်က ရန်ကုန်ဘက်သယ်သွားတယ်။ စုစုပေါင်း ၁၀ ယောက်”ဟု မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများအနက် သုံးဦးမှာ ရေကင်းဆေးရုံးရောက်မှ သွေးထွက်လွန်သေဆုံးခြင်းဖြစ်ကာ ကျန်ခုနစ်ဦးမှာ ရန်ကုန်ဆေးရုံးကြီးသို့ ပို့ဆောင်လိုက်ရကြောင်း ၎င်းတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မိုးညိုမြို့နယ်အတွင်း စစ်ကောင်စီထောက်တိုင် ပျူစောထီးများဦးဆောင်၍ ဖဲဝိုင်း၊ ဂျင်ဝိုင်း၊ ကြက်ဝိုင်းစသည့် လောင်းကစားဝိုင်းများလုပ်ဆောင်လျှက်ရှိရာ ထိုသို့ ဆက်လက်လုပ်ဆောင်နေပါက အရေးယူတိုက်ခိုက်သွားမည်ဖြစ်ကြောင်း မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင်လည်း လောင်းကစားဝိုင်းများ ဆက်လက်ပြုလုပ်နေပါက အရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်သည်ဟု မိုးညိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်အတွင်းကလည်း ရေကင်းအုပ်စု အလယ်ရွာတွင် ပျူစောထီးများဦးဆောင်ပြုလုပ်သော အာဝါဒေးလောင်းကစားဝိုင်းအား မိုးညို PDFက ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook