Connect with us

Hi, what are you looking for?

သတင်း

လင်ဖုံလေးလမ်းခွဲရှိ စစ်ကောင်စီကင်းပုန်းအား KNDF စနိုက်ပါဖြင့်ပစ်ခတ်

ယမန်နေ့(မတ်လ ၁၇ ရက်)၊နံနက် ၆ နာရီခွဲခန့်တွင် KNDFတပ်ပေါင်းစုမှ လွိုင်ကော်မြို့၊ လင်ဖုံလေးလမ်းခွဲရှိ စစ်ကောင်စီတပ် ကင်းပုန်းတစ်ခုမှ စစ်ကောင်စီတပ်သားများအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၁၄ မှ ရဲဘော်တစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်နေစဥ်။ ဓာတ်ပုံ - KNDF-B14)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၁၄ မှ ရဲဘော်တစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်နေစဥ်။ ဓာတ်ပုံ - KNDF-B14)

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ လင်ဖုံလေးလမ်းခွဲရှိ စစ်ကောင်စီတပ် ကင်းပုန်းအားတိုက်ခိုက်ရာ တစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၄ က ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၁၇ ရက်)၊နံနက် ၆ နာရီခွဲခန့်တွင် KNDFတပ်ပေါင်းစုမှ လွိုင်ကော်မြို့၊ လင်ဖုံလေးလမ်းခွဲရှိ စစ်ကောင်စီတပ် ကင်းပုန်းတစ်ခုမှ စစ်ကောင်စီတပ်သားများအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

ထိုသို့တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦးအားပစ်ခတ်သုတ်သင်နိုင်ခဲ့ပြီး ကျန်ထိခိုက်မှုများလည်းရှိနိုင်ကြောင်း အသိပေးသည်။

ထို့အပြင် KNDFတပ်ပေါင်းစုမှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“မြေပြင် အသေးစိတ်တွေတော့ ပြောလို့မရသေးပေမယ့် ကရင်နီဒေသမှာတိုက်ပွဲတွေ နေ့စဥ် ပြင်းထန်နေတယ်။ဒီးမော့ဆိုမှာဆိုရင် မနေ့ကတည်းက အခုဒီနေ့အထိ မနားသေးဘူး”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုလ ဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲနှင့် ပင်လောင်း တိုက်ပွဲများ၌ သေဆုံးသူ ၄၀ထက်မနည်းရှိပြီး စစ်ကောင်စီတပ်သားခြောက်ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook