Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လင်ဖုံလေးလမ်းခွဲရှိ စစ်ကောင်စီကင်းပုန်းအား KNDF စနိုက်ပါဖြင့်ပစ်ခတ်

ယမန်နေ့(မတ်လ ၁၇ ရက်)၊နံနက် ၆ နာရီခွဲခန့်တွင် KNDFတပ်ပေါင်းစုမှ လွိုင်ကော်မြို့၊ လင်ဖုံလေးလမ်းခွဲရှိ စစ်ကောင်စီတပ် ကင်းပုန်းတစ်ခုမှ စစ်ကောင်စီတပ်သားများအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၁၄ မှ ရဲဘော်တစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်နေစဥ်။ ဓာတ်ပုံ - KNDF-B14)
(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၁၄ မှ ရဲဘော်တစ်ဦး စနိုက်ပါဖြင့် ပစ်ခတ်နေစဥ်။ ဓာတ်ပုံ - KNDF-B14)

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ လင်ဖုံလေးလမ်းခွဲရှိ စစ်ကောင်စီတပ် ကင်းပုန်းအားတိုက်ခိုက်ရာ တစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၄ က ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၁၇ ရက်)၊နံနက် ၆ နာရီခွဲခန့်တွင် KNDFတပ်ပေါင်းစုမှ လွိုင်ကော်မြို့၊ လင်ဖုံလေးလမ်းခွဲရှိ စစ်ကောင်စီတပ် ကင်းပုန်းတစ်ခုမှ စစ်ကောင်စီတပ်သားများအား စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

ထိုသို့တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားတစ်ဦးအားပစ်ခတ်သုတ်သင်နိုင်ခဲ့ပြီး ကျန်ထိခိုက်မှုများလည်းရှိနိုင်ကြောင်း အသိပေးသည်။

ထို့အပြင် KNDFတပ်ပေါင်းစုမှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

“ မြေပြင် အသေးစိတ်တွေတော့ ပြောလို့မရသေးပေမယ့် ကရင်နီဒေသမှာတိုက်ပွဲတွေ နေ့စဥ် ပြင်းထန်နေတယ်။ဒီးမော့ဆိုမှာဆိုရင် မနေ့ကတည်းက အခုဒီနေ့အထိ မနားသေးဘူး” ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယခုလ ဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲနှင့် ပင်လောင်း တိုက်ပွဲများ၌ သေဆုံးသူ ၄၀ထက်မနည်းရှိပြီး စစ်ကောင်စီတပ်သားခြောက်ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများကို ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းရရှိထားသည်။

You May Also Like

သတင်း

စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီး အထိနာ၍ လက်နက်ကြီးများ၊ စက်လက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးနေ၍ အုတ်ဖိုမြို့နယ်အတွင်း တာဝါတိုင်ရွာ၊ ချောင်းစောက်ရွာနှင့်ရေတာရွာတို့မှ ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်နေကြရသည်ဟုသတင်းရရှိသည်။

သတင်း

ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစ၍ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ရန် ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ရန် စီစဉ်နေကြောင်း ကြာသိရ၍ ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။