Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုစစ်ကောင်စီတပ် ကင်းစောင့်အဖွဲ့တိုက်ခိုက်ခံရ၊ စစ်မှုထမ်းဟောင်း တစ်ဦးသေ

ရေစကြို(ပကဖ) အနေဖြင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်သူလူထုများ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေသည့် တော်လှန်ရေးဖြစ်၍ ပြည်သူများအနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီကြရန် ရဲဘော်ဝေကြီးက ပြောကြားထားသည်။

(သိမ်းဆည်းရရှိသော လက်နက် နှစ်လက်အား တွေ့ရစဉ်။ ဓာတ်ပုံ - ရေစကြို(ပကဖ))
(သိမ်းဆည်းရရှိသော လက်နက် နှစ်လက်အား တွေ့ရစဉ်။ ဓာတ်ပုံ - ရေစကြို(ပကဖ))

▪️ပျူနှင့် စစ်မှုထမ်းဟောင်းများအားစစ်တပ်က အသေခံခိုင်းထားသည့် သဘောထားကိုသိပြီး အလင်းဝင်ကြရန် ရေစကြို(ပကဖ)တာဝန်ခံတိုက်တွန်း

မကွေးတိုင်း ရေစကြိုမြို့နယ်အခြေစိုက် ခလရ (၂၅၆) တပ်ရင်းရှေ့ ကင်းစောင့်ခိုင်းထားသည့် စစ်ကောင်စီ လက်ပါးစေပျူစောထီးနှင့် စစ်မှုထမ်းဟောင်းများကို ယနေ့နံနက်တွင် တိုက်ခိုက်ခဲ့ရာ စစ်မှုထမ်းဟာင်း တစ်ဦးသေဆုံးကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ခံ ရဲဘော်ဝေကြီးက ပြောသည်။

ယနေ့နံနက် ၈နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ နှစ်ဦးထွက်ပြေးသွားသည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လက်နက် ၂လက် ရရှိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ အသိပေးထားသည်။

“ကျွန်တော်တို့ကတော့ တော်လှန်ရေးလမ်းစဉ်အရ လက်နက်ကိုင်တော်လှန်ရေးဆိုတော့ တိုက်ရခိုက်ရမှာပဲ။ စစ်ကောင်စီကကျတော့ စစ်ကြောင်းထွက်တဲ့အခါ ပြည်သူတွေကိုလူသားဒိုင်းအဖြစ် လုပ်တယ်။ သူတို့ အထိုင်စခန်းတွေမှာ နေတယ်ဆိုရင် အန္တရာယ်များတဲ့ရှေ့ကင်း အပြင်ကင်းတွေဆိုရင်ပျူတွေကို တပဲခြောက်ပြားပေး မြောက်ပေးပြီးတော့ ထားထားတယ်။ သူတို့ကတော့ ဘန်ကာထဲမှာနေကြတာ။ ဒါ သပ်သပ်ကို အသေခံခိုင်းနေတဲ့သဘော။ အဲဒါကို ပျူတွေအနေနဲ့ သိသင့်တယ်။ သူတို့ စစ်ကောင်စီနဲ့ ပူးပေါင်းတာတွေ စွန့်ခွာသင့်တယ်။ အမြင်မှန်ရသင့်တယ် အလင်းဝင်သင့်တယ်”ဟု ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့ပြင် စစ်ကောင်စီတပ်က ပျူစောထီးနှင့် စစ်မှုထမ်းဟောင်းများအား ထုတ်ပေးထားသည့် လက်နက်မှာလည်း တိုက်ခိုက်ချေမှုန်းရေး အဆင့်မရှိသည့် လက်နက်အမျိုးအစားများကိုသာ ထုတ်ပေးထားခြင်းဖြစ်သည်ဟု ရဲဘော်ဝေကြီးက ပြောသည်။

“လက်နက်ကလည်း ကြည့်လိုက်ရင်သိနေတာပဲ။ ကာဘိုင်တို့ဆိုတာ ဒါကျတော့ ချေမှုန်းရေးရိုင်ဖယ်မဟုတ်ဘူးဗျ။ သူတို့ကျတော့ MA စီးရီး ချေမှုန်းရေးရိုင်ဖယ်တွေကိုင်တယ်။ ပြီးရင်ရှေ့မှာ အသေခံခိုင်းထားတဲ့ ပျူတွေဘာတွေကို သူတို့ တပ်ဆင်ပေးထားတဲ့ လက်နက်ကျတော့ အမှန်တိုင်းပြောရရင် ချေမှုန်းရေးရိုင်ဖယ်ထက် နိမ့်တဲ့လက်နက်တွေ တပ်ဆင်ပေးထားတယ်။ သပ်သပ်ကို သေသေဆိုပြီး အသေခံခိုင်းထားတဲ့ သဘောဖြစ်နေတာပေါ့”ဟု ရဲဘော်ဝေကြီးက ပြောသည်။

ရေစကြို(ပကဖ) အနေဖြင့် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ပစ်မှတ်များကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း၊ ပြည်သူလူထုများ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်နေသည့် တော်လှန်ရေးဖြစ်၍ ပြည်သူများအနေဖြင့် ဆက်လက်၍ ပံ့ပိုးကူညီကြရန် ရဲဘော်ဝေကြီးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။