Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းတွင် စစ်ကားတန်း​ရှေ့​ပြေးမိုင်းရှင်းလင်း​ရေးအဖွဲ့မိုင်းဆွဲခံရပြီးအထိနာ

စစ်ကား ၃၂ စီးပါ စစ်ကောင်စီယာဉ်တန်းသည် ပခုက္ကူ၊ ပေါက်၊ ကျောက်ထုလမ်းအတိုင်းဖြတ်သန်းလာစဥ်မတ်လ ၁၅ရက် မနက်ထီးလင်းမြို့ကိုဖြတ်ကျော်လာပြီး​နောက်ပိုင်းမိုင်းဆွဲတိုက်ခိုက်မှုဆက်တိုက်ခံခဲ့ရသည်။

(စစ်တပ်ကားတန်း​ရှေ့​ပြေးမိုင်းရှင်းလင်း​ရေးအဖွဲ့ကို YRA ကမိုင်းဆွဲတိုက်ခိုက်​နေမှု)
(စစ်တပ်ကားတန်း​ရှေ့​ပြေးမိုင်းရှင်းလင်း​ရေးအဖွဲ့ကို YRA ကမိုင်းဆွဲတိုက်ခိုက်​နေမှု)

▪︎သေဆုံးပြီး​မြေမြှပ်ခဲ့သူ ၄ ဦး၏ရုပ်အ​လောင်းများYRA ထုတ်ပြန်

မကွေးတိုင်း၊ထီးလင်းမြို့နယ်သို့ လာရောက်သည့် စစ်ကောင်စီယာဥ်တန်း​ရှေ့​ပြေး မိုင်းရှင်းလင်း​ရေးအဖွဲ့အား မိုင်းဆွဲတိုက်ခိုက်ရာတွင် လေးဦး ပွဲချင်းပြီးသေဆုံးပြီး မြေမြှုပ်သဂြိုလ်ထားသည့် စစ်ကောင်စီတပ်သားအလောင်းများကို Yaw Revolution Army -YRA ထီးလင်းက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၁၇ ရက်)ညနေ၄ နာရီခွဲကဆေးမင်းတောကျေးရွာမြောက်ဘက်ရှိ အင်းနားလမ်းခွဲသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ကားတန်းရှေ့ပြေးပွိုင့်မှ မိုင်းရှင်းလင်းရေးစစ်ကောင်စီတပ်သားများသည် YRA ၏ အသင့်ပြင်ဆင်ထားသောမိုင်းကွင်းထဲ သို့ ရောက်ရှိလာစဥ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ လေးဦးပွဲချင်းပြီးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအ ပြားရှိကြောင်း အသိပေးသည်။

Public Service Announcement
Public Service Announcement

​”ရှေ့ပွိုင့်တက်လာတာ ၁၀ ဦးလောက်ရှိတယ်။မိုင်းကွင်းထဲဝင်ဝင်ချင်းဆွဲနိုင်ခဲ့တာပေါ့။အဲဒါနဲ့ သူတို့ ရှေ့ဆက်မတိုးနိုင်သေးဘူး။အခု ဒီနေ့လည်း သူတို့ ထွက်လာပေမယ့် တစ်မိုင်သာသာ တောင် ရှေ့မရောက်သေးဘူး”ဟု YRA တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြေပြင်တွင် တိုက်ပွဲစတင်ခဲ့သည့် မတ်လ ၁၅ ရက်မှ ယနေ့အထိ စစ်ကောင်စီတပ်သားရုပ်အလောင်း လေးလောင်းကိုတွေရှိထားကြောင်းလည်း၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

(စစ်တပ်ကားတန်း​ရှေ့​ပြေးမိုင်းရှင်းလင်း​ရေးအဖွဲ့ကို YRA ကမိုင်းဆွဲတိုက်ခိုက်​နေမှု)
(စစ်တပ်ကားတန်း​ရှေ့​ပြေးမိုင်းရှင်းလင်း​ရေးအဖွဲ့ကို YRA ကမိုင်းဆွဲတိုက်ခိုက်​နေမှု)

သေဆုံးသူ ရုပ်အ​လောင်းများ​မြေမြှပ်ထား​သောရုပ်သံဖိုင်ကိုPeople’s Spring တယ်လီဂရန်ချန်နယ်တွင်​ဖော်ပြထားသည်။

စစ်ကား ၃၂ စီးပါ စစ်ကောင်စီယာဉ်တန်းသည် ပခုက္ကူ၊ ပေါက်၊ ကျောက်ထုလမ်းအတိုင်းဖြတ်သန်းလာစဥ်မတ်လ ၁၅ရက် မနက်ထီးလင်းမြို့ကိုဖြတ်ကျော်လာပြီး​နောက်ပိုင်းမိုင်းဆွဲတိုက်ခိုက်မှုဆက်တိုက်ခံခဲ့ရသည်။

မတ်လ ၁၅ရက် တောင်ဖီလာကွေ့ မိုင်းဆွဲတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်သား ၃ဦး သေဆုံးပြီး ယင်းနေ့ နေ့လည်ပိုင်း၌ ရွှေခုံတိုင်ရွာအနီး တိုက်ခိုက်မှု တွင်လည်း စစ်ကောင်စီတပ်မှ ၃ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ဖော်ပြသည်။

မတ်လ ၁၆ရက်တွင် ရေရှင်လမ်းကွဲ ဇရပ် အနီးတွင် ရှေ့ပွိုင့်တပ်အား တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၇ဦး သေဆုံးခဲ့သည်ဟုသိရသည်။ ယင်းတိုက်ခိုက်မှု၌ ဂန့်ဂေါခရိုင်တပ်ရင်း-(18)YNRF နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးပစ်ကူခဲ့သည်ဟု အသိပေးထားသည်။

ကားတန်းလုံခြုံရေး စစ်ကြောင်းကိုလည်းထီးလင်း- ပုဏ္ဏားကြားရှိ မိုင်းကွင်းတွင် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦးထပ်မံသေဆုံးကာ အများအပြား ဒဏ်ရာရသည်ဟုဆိုသည်။

ရွှေခုံတိုင်ရွာ၏တောင်ဘက်နားသို့ရောက်ရှိလာသော ယာဉ်တန်းပေါ်မှ အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းသည် မန်ကျည်းပင်စခန်း၌ အရိပ်ခို အနားယူရန် စုစည်းရောက်ရှိစဉ် မိုင်းများ တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်မှ ၂၆ဦးသေဆုံးကြောင်းစစ်တပ်တွင်းသတင်း​ပေး( ဖရဲသီး)မှ သတင်းပေးပို့လာသည်ဟု အသိပေးထားသည်။

(စစ်တပ်ကားတန်း​ရှေ့​ပြေးမိုင်းရှင်းလင်း​ရေးအဖွဲ့ကို YRA ကမိုင်းဆွဲတိုက်ခိုက်​နေမှု)
(စစ်တပ်ကားတန်း​ရှေ့​ပြေးမိုင်းရှင်းလင်း​ရေးအဖွဲ့ကို YRA ကမိုင်းဆွဲတိုက်ခိုက်​နေမှု)

ထိုအပြင်ရွှေခုံတိုင်ရွာမြောက်ဘက် ကင်းပတ်လာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၃ဦးသေ၊ လေးဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

အင်အားများ ပြားသည် စစ်ကောင်စီယာဥ်တန်းသည် (၂၂) လတာကာလအတွင်းတွင် ထီးလင်းမြို့နယ်ကို ပထမဆုံးအကြိမ် ဖြတ်သန်းလာခြင်းဖြစ်ပြီး ထီးလင်းမြို့သို့ရောက်ရှိချိန်မှစ၍ လက်ရှိအချိန်ထိ သုံးရက်တာကာလအတွင်း၁၈ မိုင်ခန့်သာခရီးတွင်ထားပြီး သေဆုံးသူ ၄၀ ကျော်နှင့် ဒဏ်ရာရသူ ၃၀ ကျော် ရှိ​နေပြီဖြစ်ကြောင်း YRA က ပြောသည်။

လက်ရှိစစ်ရေးကြောင့် ထီးလင်း-ဂန့်ဂေါလမ်းမကြီးအား အသုံးမပြုကြရန်နှင့် လမ်းဘေးဝဲယာရှိ ကျေးရွာများမှ တိမ်းရှောင်နိုင်ရန် ကြိုတင်ပြင်ဆင်သိမ်းဆည်းထားရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကား (၃) စီး ပျက်စီးပြီး ယာဥ်တန်းပါ ဗိုလ်ကြီး (၁) ဦးအပါအဝင် သင်တန်းသား (၂၀) ခန့် သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက အသိပေးသည်။

သတင်း

တိုက်ပွဲပြန်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကို ပြည်သူများက သ​ပြေပန်းများဖြင့် ကြိုဆိုခဲ့​ကြ​ကြောင်းလည်း ​ဒေသခံအချို့က​ပြောသည်။

သတင်း

ဇန်နဝါရီ ၂၂ရက်က ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ရွာ တဝိုက်တွင် တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး ညပိုင်းအချိန်ထိ တိုက်ပွဲဆက်ရှိခဲ့သည်ဟုဆိုသည်။

သတင်း

​တော်လှန်​ရေးလုပ်ငန်းများအတွက် TNLA ထံသို့သတင်းပို့ရန် သွားစဥ် မိုင်းခွဲတိုက်ခိုက်မှု​ကြောင့် KIO မှ အရပ်ဘက် စစ်ဘက် ဝန်ထမ်း ၂ ဦးကျဆုံးခဲ့​ကြောင်း KIO/KIA ​၏ ရုံးစာတစ်​စောင့်တွင်လည်း အတည်ပြု​ဖော်ပြထားသည်ကို​တွေ့ရသည်။