သတင်း စစ်ကောင်စီ၏ ခလရ((၅၀)တပ်မှ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာ၍ စစ်ဆေးရေးဂိတ်တစ်ခု လက်လွှတ်ခဲ့ရကြောင်း CDF -KKG အသိပေး CDF KKG ၏ တပ်ရင်း (၆) ၊ PDF ဂန့်ဂေါတောင်ပိုင်း ပူးပါင်းတပ်များနှင့် ထိုနေ့နံနက် ၇ နာရီမိနစ် ၂၀ မှစ၍ နာရီဝက်ကြာထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း ယခုစာသင်နှစ်မှစပြီး မိခင်ဘာသာစကားနှင့် ဘာသာစကားစုံပညာရေးစနစ်ကျင့်သုံးရန် ကရင်နီပြည်အစိုးရ အသိပေး ယင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့်လိုက်လျောညီထွေမှုမရှိသော သင်ရိုးများကို ချန်လှပ်ထားပြီးသမိုင်းနှင့် လူမှုရေးဘာသာရပ်များကို ပြန်သုံးသပ်ကာပြင်ဆင်သင့်သည်များနှင့် ဖြည့်စွက်သင့်သည်များကို ပြင်ဆင်ဖြည့်စွက်သွားမည်ဟုဆိုသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း တောင်ကိုရီးယားတွင် ဒယ်ဂူးဆရာတော် ဦးဆောင်၍ စစ်အာဏာရှင်ကျရှုံးရေး ဆန္ဒပြ ဆန္ဒပြသူများက "We Support NUG" ၊ "We Support PDF" အစရှိသည့် စာသားများကို ကိုင်ဆောင်ပြီး အကြမ်းဖက်စစ်တပ် ကျရှုံးရေးအတွက် သံပုံးများတီး၍ ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း အာဆီယံအထူးကိုယ်စားလှယ် ရန်ကုန်မှာ နိုင်ငံတကာသံအမတ်တွေနဲ့တွေ့ဆုံ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံတွေဟာ စစ်အာဏာသိမ်းမှုကို ရှုတ်ချထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။ LuduNwayOoဇူလိုင် 3, 2022
သတင်း စစ်ကောင်စီတပ်များလာမည့်လမ်းတွင် ထောင်ထားသောမိုင်းမှ ဝါယာကြိုးဆွဲမိ၍ ပြည်သူနှစ်ဦး မိုင်းထိမှန်သေဆုံးမှုအပေါ် အင်းတော်တော်လှန်ရေးအင်အားစု တောင်းပန် မိုင်းထိမှန်ပြီး သေဆုံးသွားခဲ့သောပြည်သူနှစ်ဦးမှာ အင်းတော်နယ်၊ နန့်ကင်ရွာမှ အသက် ၅၀ ကျော်အရွယ်အမျိုးသားနှစ်ဦးဖြစ်ပြီး နောက်နောင်ပြည်သူများ အထိအခိုက်အနည်းဆုံးဖြစ်အောင် ယခုထက်ပို၍ ဂရုစိုက်လုပ်ဆောင်သွားမည်ဟု IR Team က အသိပေးသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း အရာတော်-မုံရွာကားလမ်းတွင်ပြည်သူများသွားလာခြင်းမပြုရန်သတိပေး ထနောင်းဝင်း - ဗောဓိလမ်းခွဲမှ စစ်ကောင်စီတပ်ဖွဲ့များသည် နံနက် ၇ နာရီကျော်ခန့်တွင် ကျောက္ကာကျေးရွာအနီးသို့ ရောက်ရှိနေပြီး လမ်းဘေးခြုံထူရာသို့ လက်နက်ငယ်များဖြင့် ပစ်ခတ်နေခဲ့သည်ဟု အရာတော်ပို့စ်က ရေးသားထားသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း ဆွီဒင်နိုင်ငံရောက်မြန်မာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြုတ်ကျရေးဆန္ဒပြ ဆန္ဒပြပွဲရောက်လာသူများက မိမိတို့ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမေတ္တာများ ပို့သခြင်းများ ၊ တော်လှန်ရေး သီချင်းများသီဆိုခြင်း၊ ကြွေးကြော်သံများဖြင့် တောင်းဆိုခြင်းများကို ပြုလုပ်ခဲ့ကြသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း ရန်ကုန်မြို့ ပုဇွန်တောင်စျေး သုံးရက်ဆက်မီးလောင်မှု ရည်ရွယ်ချက်ဖြင့်လုပ်ဆောင်နေဟု သုံးသပ် ပုဇွန်တောင်ဈေး၌ ဇူလိုင် ၁ရက်နှင့် ၂ရက်ကလည်း မီးလောင်မှုများဖြစ်ခဲ့ပြီး မီးသတ်တပ်ဖွဲ့က မီးလန့်မှု အဆင့်သတ်မှတ်ထားသည်။ LuduNwayOoဇူလိုင် 3, 2022
သတင်း မန္တလေးမှာ ရှေ့နေ ၂ ဦး ထပ်မံဖမ်းဆီးခံရ၊တပတ်အတွင်း ပစ်မှတ်ထားဖမ်းခံရတဲ့ ရှေ့နေ ၅ ဦးထိရှိလာ အာဏာသိမ်းစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လ ကုန်ပိုင်းက အိုးဘိုထောင်တွင်းတရားရုံးကနေ အမှုစစ်ပြန်လာတဲ့ ရှေ့နေ ၃ ဦးကို ဖမ်းဆီးထားတာရှိပါတယ်။ LuduNwayOoဇူလိုင် 3, 2022
သတင်း စစ်ကောင်စီအား အမြစ်ဖြတ်တိုက်ခိုက်မည့် တိုက်ပွဲများ မကြာမီအချိန်အတွင်းရောက်ရှိလာတော့မည်ဟု သပိတ်ကျင်း PDF ပြော တောတွင်းတစ်နေရာတွင် စစ်ရေးလေ့ကျင့်နေသည့် မှတ်တမ်းဓာတ်ပုံများကို ဇူလိုင် ၂ရက်တွင် ထုတ်ဖော်ပြသလိုက်ခြင်းဖြစ်ပြီး အာဏာရှင်စနစ် အပြီးတိုင် အမြစ်ပျက်ချေမှုန်းနိုင်သည်အထိ တိုက်ပွဲများဆင်နွှဲသွားမည်ဖြစ်ကြောင်း လူထုအား အသိပေးထားသည်။ LuduNwayOoဇူလိုင် 3, 2022