Hi, what are you looking for?
တိုက်ပွဲပြင်းထန်နေတဲ့အင်းတော်မြို့နယ်အတွင်းက PDF တွေရဲ့ရှေ့တန်းစခန်းအချို့ကနေ ဆုတ်ခွာထားပေမယ့် ကသာမြို့အနီးက စစ်တပ်စခန်းတွေကို တိုက်ခိုက်မှုအတွင်း စစ်သားအချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ တော်လှန်ရေးတပ်တွေထံကနေသတင်းရရှိပါတယ်။
လက်ရှိတွင် စစ်ကောင်စီကအလှည့်ကျမီးဖြတ်သည့် စနစ်ကို ကျင့်သုံးနေသည်ဆိုသော်လည်း သတ်မှတ်ချိန်မတိုင်ခင်မီးပြတ်တောက်ခြင်း၊ နေရာအချို့တွင် ညလုံးပေါက်မီးလာမည်ဟု ကြေညာထားသော်လည်း ပြတ်တောက်ခြင်း ၊မီးအားမပြည့်ခြင်း ၊ဓါတ်အားမငြိမ်၍မီးပြတ်တောက်ခြင်းစသဖြင့် အကြောင်းပြချက်အမျိုးမျိုးဖြင့် ပြတ်နေဆဲဖြစ်၏။