Connect with us

Hi, what are you looking for?

LuduNwayOo

News

ချင်း၊ စစ်ကိုင်း၊ မကွေးတို့၌ နေရပ်စွန့်ခွာသူဦးရေ ဆက်လက်မြင့်တက်နေပြီး အခြေအနေဆိုးရွားဟု ကုလထုတ်ပြန်

စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ်အတွင်း ဒေသခံ ၉,၃၄၁ ဦး နေရပ်စွန့်ခွာထွက်ပြေးရပြီး တစ်တိုင်းလုံးတွင် မိမိနေအိမ်၊ နေရပ်စွန့်ခွာသူစုစုပေါင်း ၂၄၀,၆၀၀ ရှိလာပြီဟု အထက်ပါ ကုလသမဂ္ဂအဖွဲ့အစည်းက ဒေသခံအရင်းအမြစ်များ၏အတည်ပြုချက် ရယူဖော်ပြသည်။

(ကရင်နီပြည်နယ်ရှိ စစ်​ဘေး​ရှောင်စခန်းတစ်ခုမှ က​လေးငယ်များအား ​တွေ့ရစဥ်)

●​နေရပ်စွန့်ခွာထွက်​ပြေးတိမ်း​ရှောင်​နေရသူ တစ်သန်းနီးပါရှိလာဟု OCHA ​ဖော်ပြ

ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းများတွင် ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေ ဆက်လက်မြင့်တက် နေပြီး အရပ်သားပိုင်အိုးအိမ်ပစ္စည်းများ ဖျက်ဆီးခံနေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ ရေးရုံး (OCHA)က ထုတ်ပြန်သည်။

OCHA က ဧပြီ ၂၅ ရက်အထိရရှိသော အချက်အလက်များအရ ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့၌ ပြည်တွင်းနေရပ်စွန့်ခွာရသူဦးရေ ၃၂၇,၄၀၀ ဦးရှိနေပြီဖြစ်သည်။

“အဲ့ဒီဒေသတွေက လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာခြင်းမရှိဘဲ ဆိုးဝါးနေဆဲဖြစ်ပါတယ်”ဟု OHCA က ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ်အတွင်း ဒေသခံ ၉,၃၄၁ ဦး နေရပ်စွန့်ခွာထွက်ပြေးရပြီး တစ်တိုင်းလုံးတွင် မိမိနေအိမ်၊ နေရပ်စွန့်ခွာသူစုစုပေါင်း ၂၄၀,၆၀၀ ရှိလာပြီဟု အထက်ပါ ကုလသမဂ္ဂအဖွဲ့အစည်းက ဒေသခံအရင်းအမြစ်များ၏အတည်ပြုချက် ရယူဖော်ပြသည်။

တချိန်တည်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေသည် ချင်းပြည်နယ်၌ ၃၆,၃၀၀ ဦး ၊ မကွေးတိုင်း၌ ၅၀,၅၀၀ ဦး ရှိနေသည်ဟု OCHA က ဖော်ပြသည်။

“အနောက်မြောက်ဒေသမှာ အရပ်သားပိုင် အိုးအိမ်ပစ္စည်းတွေဖျက်ဆီးခံရတဲ့ သတင်းတွေဆက်လက်ရှိနေပါတယ်” ဟု OCHA က ဆိုသည်။

တရားမဝင်စစ်အာဏာသိမ်းပြီးချိန်မှ လက်ရှိကာလအထိ ဘာသာရေးအဆောက်အဦးများ၊အရပ်သားပိုင်ပစ္စည်းများအပါအဝင် အနည်းဆုံး အိမ်ခြေ ၈၈၉၀ လုံး ဖျက်ဆီးခံရခြင်း သို့မဟုတ် မီးရှို့ခံရခြင်းများ ရှိခဲ့ကြောင်း ကုလသမဂ္ဂက သတင်းရရှိထားသည်။

ထို့အပြင် ပဋိပက္ခဒဏ်သင့်ရာဒေသများနှင့် နေရပ်စွန့်ခွာထွက်ပြေးရသူများရှိရာ နေရာများကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ သွားရောက်ပေးနိုင်ခွင့်ကိုလည်း တင်းကျပ်စွာတားမြစ်ကန့်သတ်ခံထားရ၍ ပဋိပက္ခဒဏ်သင့်အရပ်သားလူထု၏ လိုအပ်မှုကိုဖြည့်ဆီးနိုင်ရန် ကြီးမားသည့် လိုအပ်ချက်များရှိနေသည်ဟု OCHA က ဖော်ပြသည်။

ဧပြီလ ၂၅ ရက်အထိ အတည်ပြုထားသော ကိန်းဂဏန်းများအရ နိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာရသူ ဦးရေ စုစုပေါင်း ၉၂၄,၈၀၀ ရှိပြီး ၅၇၈,၂၀၀ သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် လုံခြုံရေးအန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်သည်ဟု OCHA က ဆိုသည်။

အထူးသဖြင့် စစ်ကိုင်းတိုင်းတွင် ဧပြီလကုန်ပိုင်းနှင့် ​မေလတွင် အကြမ်းဖက်စစ်တပ်က ​ကျေးရွာများကို စီးနင်းဝင်​ရောက်၍ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများဆက်တိုက်ပြုလုပ်​နေသည်။ ထို​ကြောင့် ပြည်သူများ​သောင်းနှင့်ချီ၍ ထပ်မံထွက်​ပြေး​နေရသလို ၊ ဖုန်းနှင့် အင်တာနက်လိုင်းအခက်အခဲ ၊ တိုက်ပွဲများ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရသူ များ၏ အချက်အလက်များရရန်ခက်ခဲသဖြင့် ​မြေပြင်တွင် စသ်​ဘေးဒုက္ခသည်မှာထို့ထက်ပိုများပါသည်။

ဆက်စပ်သတင်းများ

သတင်း

Taw Twin Tup Pee Local PDF အဖွဲ့သည် မတ်လ ၉ရက် နံနက်ပိုင်းက အုန်းတောရွာအနီး၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

သတင်း

မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ဆောင်းပါး

ကျုံးတောင်ဘက်တွင်တော့ စျေးဆိုင်ခန်းအားလုံးနီးပါး ပိတ်ထားသည်ကို တွေ့ရသည်။ ယခင်ကဆိလျှင် ကျူံးသို့လာရောက်သူများနှင့် စျေးဝယ်သူများ စည်းကားရာ နေရာမှာ ‌လက်ရှိတွင်တော့ ခြောက်ကပ်နေ၏။

သတင်း

အောက်တိုဘာ ၂၇ရက် နှင့် ၂၉ရက်များက ထီးချိုင့်နှင့် ကောလင်း မြို့နယ်များ၌ တိုက်ပွဲများဖြစ်ခဲ့ရာ စစ်ကောင်စီတပ် မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။