Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီထောက်တိုင်အုပ်ချုပ်ရေးမှူးများ မေလ ၁၇ရက်နောက်ဆုံးထား ရာထူးမှနှုတ်ထွက်ရန် ပုလော PDF သတိပေး

သတိပေးကြေညာချက်ကို မလိုက်နာဘဲ ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက အုပ်ချုပ်ရေးမှူးများ၏ အသက်အန္တရာယ်ကို တာဝန်မယူကြောင်းလည်း ဖော်ပြထားသည်။

ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီ ထောက်တိုင် အုပ်ချုပ်ရေးမှူးများအနေဖြင့် မေလ ၁၇ရက် နောက်ဆုံးထား၍ စစ်အာဏာရှင်ခန့်အပ်ထားသော ရာထူးမှ နှုတ်ထွက်ကြရန်နှင့် စစ်ကောင်စီအတွက် ဆက်လက် အလုပ်လုပ်မပေးကြရန် ပုလောပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့( မေလ ၁၀ရက်) သတိပေးချက် ထုတ်ပြန်သည်။

ထိုသို့ သတိပေးချက်ထုတ်ပြန်ရာ၌ ပုလောမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၏ အမည်စာရင်းများနှင့်အတူ ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတိပေးကြေညာချက်ကို မလိုက်နာဘဲ ဆက်လက် လုပ်ဆောင်နေမည်ဆိုပါက အုပ်ချုပ်ရေးမှူးများ၏ အသက်အန္တရာယ်ကို တာဝန်မယူကြောင်းလည်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့၏ လက်ကိုင် တုတ်များကိုအသုံးချပြီး အုပ်ချုပ်ရေးစနစ်ကို ဆက်လက်လည်ပတ်ကာ ပြည်သူများကို အနိုင်ကျင့် အုပ်ချုပ်လျက်ရှိသည်ဟု ပုလော PDFက ထုတ်ပြန်ခဲ့ပြီး ပုလော PDF အနေဖြင့် အာဏာရှင်စနစ်ကို ဖြုတ်ချရန်အတွက် အုပ်ချုပ်ရေးယန္တရားကို ဆက်လက်တိုက်ဖျက်သွားမည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်ကောင်စီခန့်အပ်ထားသော မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူနှင့်အတူ ရပ်တည်ကာ ရာထူးတာဝန်များကို ဆက်လက် ထမ်းဆောင်ခြင်းမပြုဘဲ နှုတ်ထွက်ကြရန် တောင်းဆိုသည်ဟု ပုလော PDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။