Connect with us

Hi, what are you looking for?

News

ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို တစ်နှစ်ကျော်ကြာ ထိန်းသိမ်းပြီးမှ စစ်ကောင်စီ တရားစွဲ

ဦးဘိုဘိုငယ်ကို အမှုတပ်ရာမှာ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်တွေရဲ့ နိုင်ငံခြားသုံးငွေလွှဲပြောင်းတာကို ကြီးကြပ်မှု အားနည်းတာကြောင့် နိုင်ငံဘဏ္ဍာငွေ ထိခိုက်နစ်နာတယ်ဆိုကာ တရားစွဲတာတွေ့ရပါတယ်။

အာဏာသိမ်းတဲ့ရက်ကစပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ် ကို ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့ အဂတိပုဒ်မနဲ့အရေးယူလိုက်တယ်လို့ စစ်ကောင်စီက ကြေညာလာပါတယ်။

ဦးဘိုဘိုငယ်ဟာ စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်မနက်အစောပိုင်းကတည်းက ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီးကာလအတန်ကြာ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာကို မိသားစု ကမသိရှိခဲ့ရပါဘူး။

ဒါအပြင် ထိန်းသိမ်းခံနေရချိန်အတွင်းသေဆုံးသွားတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ခဲ့ပါသေးတယ်။

အဲဒီနောက် တစ်နှစ်ကျော်ကြာလာချိန်မှ စစ်ကောင်စီက ဦးဘိုဘိုငယ်ကို အမှုတပ် တရားစွဲတဲ့သတင်းကိုထုတ်ပြန်လာပါတယ်။

Public Service Announcement

Public Service Announcement

ဦးဘိုဘိုငယ်ကို အမှုတပ်ရာမှာ နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်တွေရဲ့ နိုင်ငံခြားသုံးငွေလွှဲပြောင်းတာကို ကြီးကြပ်မှု အားနည်းတာကြောင့် နိုင်ငံဘဏ္ဍာငွေ ထိခိုက်နစ်နာတယ်ဆိုကာ တရားစွဲတာတွေ့ရပါတယ်။

အသေးစားနဲ့အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကနေ Open Society Myanmar-OSM က ငွေထုတ်ရာမှာ အခွန်ငွေ မကောက်ခံနိုင်ခဲ့တာကိုလည်း တရားစွဲရာမှာ စစ်ကောင်စီက ထည့်သွင်းထားတာတွေ့ရပါတယ်။

ဒါအပြင် ဗဟိုဘဏ်က ချေးငွေရတဲ့ ငွေကိုအတိုးနှုန်းပိုရတဲ့ဘဏ်မှာမအပ်ဘဲ စင်ကာပူနိုင်ငံက SMBC ဘဏ်မှာ အပ်တာကြောင့် နိုင်ငံအတွက် အတိုးနှုန်း ရရှိမှု ထိခိုက်နစ်နာတယ်လို့လည်းစစ်ကောင်စီက ဆိုထားပါတယ်။

ဒါကြောင့် ဦးဘိုဘိုငယ်ကို ဒီနေ့ နေပြည်တော်မှာ အဂတိပုဒ်မ ၅၅ နဲ့တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

NLD အစိုးရ လက်ထက် ၂၀၁၇ ခုနှစ်မှာ ဦးဘိုဘိုငယ်ကို ဗဟိုဘဏ် ဒုဥက္ကဋ္ဌ အဖြစ်တာဝန်ပေးခဲ့တာပါ။ ဦးဘိုဘိုငယ်ဟာ အမေရိကန် နဲ့ ဗြိတိန်နိုင်ငံတွေမှာ စီးပွားရေးဆိုင်ရာပညာရပ်တွေ ဆည်းပူးခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အစိုးရ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေရဲ့ ပစ်သတ်မှုကြောင့် သေဆုံးခဲ့တဲ့ အမေရိကန် အမျိုးသမီးရဲ့ မိသားစုဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Trending

Facebook