Connect with us

Hi, what are you looking for?

News

ဘုတ်ပြင်းမြို့နယ် ရတနာပုံ​ကျေးရွာတိုက်ပွဲစစ်သား ၆ ဦးခန့်​သေ ၊ PDF တစ်ဦးကျဆုံး

မေလ၅ ရက်​နေ့က နံနက် ၆နာရီတွင် တစ်ကြိမ်၊ ညနေ ၄နာရီတွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆ဦးခန့်သေဆုံးခဲ့သည်ဟု PDF(မြိတ်ခရိုင်)ကထုတ်ပြန်ချက်တွင်ပါရှိထားသည်။

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံကျေးရွာတိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ ၆ ဦး​ခန့်သေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ကြောင်း PDF(မြိတ်ခရိုင်)က ယနေ့ ထုတ်ပြန်သည်။

မေလ၅ ရက်​နေ့က နံနက် ၆နာရီတွင် တစ်ကြိမ်၊ ညနေ ၄နာရီတွင်တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၆ဦးခန့်သေဆုံးခဲ့သည်ဟု PDF(မြိတ်ခရိုင်)ကထုတ်ပြန်ချက်တွင်ပါရှိထားသည်။

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှ ရဲဘော် ဖစုကျဆုံးခဲ့ပြီး၎င်းမှာ ပြည်သူ့ကာကွယ် ရေးတပ်မတော်(မြိတ်ခရိုင်) တပ်ရင်း (၂)၏ သယ်ယူပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေဌာန၏ တာဝန်ခံတစ်ဦးဖြစ်သည်။

ဆက်သွယ်ရေးအခက်အခဲများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကအကျအဆုံးမရှိဟု ကနဦးမှားယွင်းထုတ်ပြန်ခဲ့သည်။သို့​သော် မြေပြင်မှအဖွဲ့များနှင့်ဆက်သွယ်ပြန်လည်အဆက်အသွယ်ရချိန်တွင် ဆုတ်ခွာချိန်၌ ရဲဘော် ဖစုကျဆုံးခဲ့ရသည်ဟု​သိရှိရ​ကြောင်းဖော်ပြထားသည်။ ရဲဘော် ဖစုကျဆုံးမူအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းလည်း PDF(မြိတ်ခရိုင်)ကထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထိုအတူမြိတ်ခရိုင်၊ ရေဖြူစစ်ဗျူစာစခန်းနှင့် သုံးမိုင်အကွာတွင်ရှိသည့် ထုံခါ အကျဉ်းစခန်းကို ဒေသခံကာကွယ်ရေးတပ်များက မေ၈ ရက်က ဝင်ရောက်စီးနင်းစဉ် ကျဆုံးခဲ့သည့် ရဲဘော် PKကိုလည်း ဝမ်းနည်းကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (မြိတ်ခရိုင်)၊ တပ်ရင်း (၂)ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းက တောင်မော်ဦးရေတပ်စခန်းဝန်းကျင်နဲ့ မင်းတက်တောင်လမ်းဆုံအနီး သိုင်းချောင်းဝန်းကျင်တို့မှာ စစ်တပ်စခန်း​တွေကို အာရက္ခတပ်တော်(AA)ကတိုက်ခိုက်​နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မြန်မာဖက်ခြမ်းနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာမြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကိုတော့ကောင်းကောင်းထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ရှေ့တန်းလွှတ်မယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်အုပ်စုရဲ့ တာဝန်ရှိသူတဦးက စစ်မြေပြင်မှာ သေနတ်နဲ့ ပစ်ခံရမှာကို ကြောက်စရာ မလိုဘဲ၊ ကျည်ဆန်မှာ အမည် ပါပြီးသားမို့ ကိုယ့်အမည် မပါရင် မသေဘူးလို့ ပြောကာ အန္တရာယ်ကင်း အဆောင်လက်ဖွဲ့တွေပေးရှေ့တန်းထွက်ခိုင်းပါတယ်။

သတင်း

ကသာမြို့မှာပိတ်မိတဲ့ကားတချို့ မန္တလေးဘက် ပြန်ဆုတ်ခိုင်း၊ ပိတ်မိနေသူတွေဆက်ရှိပြီး သေဆုံးသူ ထပ်တိုး