Connect with us

Hi, what are you looking for?

News

မန်းအခြေစိုက် UGဖြစ်သော ROM အဖွဲ့၏ ယာယီခိုလှုံနေရာဝင်စီးခံရ၊ ရဲဘော်တစ်ဦး ကျည်ထိ

ROM အဖွဲ့၏ ခိုလှုံနေရာအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာတွင် အရပ်ဝတ်ရော ယူ နီဖောင်းဝတ်များပါ အင်အား ၁၂ ဦးခန့် ကနဦးရောက်ရှိလာပြီး နေအိမ်အားဝင်ရောက်ရှာဖွေသောင်းကျန်းသွားကြောင်း ၎င်းက ဆက်ပြောသည်။

မန္တလေးမြို့အခြေစိုက် မြေအောက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Rangers Of Mandalay(ROM)၏ ယာယီခိုလှုံနေရာကို စစ်ကောင်စီတပ်၏ ဝင်စီးခြင်းခံခဲ့ရကြောင်း အဆိုပါအဖွဲ့က အတည်ပြုသည်။

ဖြစ်စဥ်မှာ လွန်ခဲ့သော ၃ ရက် မေလ၇ရက် ည ၁၀နာရီဝန်းကျင်တွင် မန္တလေးမြို့ရှိ မြို့နယ်တစ်ခုတွင် ယာယီခိုလှုံလျက်ရှိသော ROM အဖွဲ့၏ Save House နေရာကို ဧည့်စာရင်းအကြောင်းပြ၍ ဝင်စီးခံရခြင်း ဖြစ်သည်။

“၁၂ ယောက်လောက်က အိမ်ကိုသပ်သပ်လာတာ။ သိသိချင်ခြေလျင်ထွက်ခဲ့တာပဲ။ ဆိုင်ကယ်နဲ့လဲ ထွက်မရ၊ ထွက်ရင်ပစ်မှာ”ဟု Save House ဝင်စီးခံရပုံကို ROM အဖွဲ့မှ ဗိုလ်ဖီးနစ်က ပြောသည်။

ROM အဖွဲ့၏ ခိုလှုံနေရာအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာတွင် အရပ်ဝတ်ရော ယူ နီဖောင်းဝတ်များပါ အင်အား ၁၂ ဦးခန့် ကနဦးရောက်ရှိလာပြီး နေအိမ်အားဝင်ရောက်ရှာဖွေသောင်းကျန်းသွားကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်များသည် ၎င်းတို့စီးနင်းသည့်နေအိမ်တွင် အလိုရှိနေသူများကို မတွေ့သဖြင့် ခြေကျင်ထွက်ပြေးလာရသော မြေအောက်တော်လှန်ရေးရဲဘော်များနောက်မှ အိမ်စီးကားအချို့ဖြင့် ပတ်လိုက်လာပြီး လမ်းမကြီးတစ်ခုအနီးအရောက်တွင် ကားပေါ်မှနေ၍ သေနတ်ဖြင့် လှမ်းပစ်ခဲ့သည်။

ထိုပစ်ခတ်မှုကြောင့် ROM အဖွဲ့မှ ရဲဘော်တစ်ဦး သေနတ်ကျည်ရှပ်မှန်ခဲ့ပြီး ဆေးကုသမှုခံယူနေရကာ ဘေးကင်းလုံခြုံမည့် အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ရသည်ဟု ဗိုလ်ဖီးနစ်က ပြောသည်။

စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်ကြောင့် ပြေးလွှားရှောင်တိမ်းနေရသော်လည်း မန္တလေးအခြေစိုက် UGမဟာမိတ်တပ်ပေါင်းစုနှင့် ပူးပေါင်းပြီး ယနေ့(မေ ၁၀)တွင် စစ်ကောင်စီလက်ပါးစေ သွေးသောက်အဖွဲ့တစ်ခုမှ ဒုခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦးကိုရှင်းလင်းသည့် တိုက်ခိုက်ရေး Mission ၌ ROM အဖွဲ့သာများလည်း ပူးပေါင်းပါဝင်ခဲ့သည်။

“မန္တလေးမြို့ နဲ့အတူ ပြည်သူများနဲ့ အမြဲအတူရှ်ိနေပါတယ်”ဟု ROM က အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဓားစားခံအဖြစ် ဖမ်းထားတဲ့ ပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ မဟာမိတ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က ကယ်ထုတ်ခဲ့ပြီးနောက် အဲဒီ ပြည်သူတွေကို PDF ရဲဘော်တွေက ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ မှတ်တမ်း ဓာတ်ပုံတွေ အမျိုးသားညီညွတ်ရေးအစိုးရ(PDF) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။