Connect with us

Hi, what are you looking for?

LuduNwayOo

News

မန်းအခြေစိုက် UGဖြစ်သော ROM အဖွဲ့၏ ယာယီခိုလှုံနေရာဝင်စီးခံရ၊ ရဲဘော်တစ်ဦး ကျည်ထိ

ROM အဖွဲ့၏ ခိုလှုံနေရာအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာတွင် အရပ်ဝတ်ရော ယူ နီဖောင်းဝတ်များပါ အင်အား ၁၂ ဦးခန့် ကနဦးရောက်ရှိလာပြီး နေအိမ်အားဝင်ရောက်ရှာဖွေသောင်းကျန်းသွားကြောင်း ၎င်းက ဆက်ပြောသည်။

မန္တလေးမြို့အခြေစိုက် မြေအောက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Rangers Of Mandalay(ROM)၏ ယာယီခိုလှုံနေရာကို စစ်ကောင်စီတပ်၏ ဝင်စီးခြင်းခံခဲ့ရကြောင်း အဆိုပါအဖွဲ့က အတည်ပြုသည်။

ဖြစ်စဥ်မှာ လွန်ခဲ့သော ၃ ရက် မေလ၇ရက် ည ၁၀နာရီဝန်းကျင်တွင် မန္တလေးမြို့ရှိ မြို့နယ်တစ်ခုတွင် ယာယီခိုလှုံလျက်ရှိသော ROM အဖွဲ့၏ Save House နေရာကို ဧည့်စာရင်းအကြောင်းပြ၍ ဝင်စီးခံရခြင်း ဖြစ်သည်။

“၁၂ ယောက်လောက်က အိမ်ကိုသပ်သပ်လာတာ။ သိသိချင်ခြေလျင်ထွက်ခဲ့တာပဲ။ ဆိုင်ကယ်နဲ့လဲ ထွက်မရ၊ ထွက်ရင်ပစ်မှာ”ဟု Save House ဝင်စီးခံရပုံကို ROM အဖွဲ့မှ ဗိုလ်ဖီးနစ်က ပြောသည်။

ROM အဖွဲ့၏ ခိုလှုံနေရာအား စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းရာတွင် အရပ်ဝတ်ရော ယူ နီဖောင်းဝတ်များပါ အင်အား ၁၂ ဦးခန့် ကနဦးရောက်ရှိလာပြီး နေအိမ်အားဝင်ရောက်ရှာဖွေသောင်းကျန်းသွားကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်များသည် ၎င်းတို့စီးနင်းသည့်နေအိမ်တွင် အလိုရှိနေသူများကို မတွေ့သဖြင့် ခြေကျင်ထွက်ပြေးလာရသော မြေအောက်တော်လှန်ရေးရဲဘော်များနောက်မှ အိမ်စီးကားအချို့ဖြင့် ပတ်လိုက်လာပြီး လမ်းမကြီးတစ်ခုအနီးအရောက်တွင် ကားပေါ်မှနေ၍ သေနတ်ဖြင့် လှမ်းပစ်ခဲ့သည်။

ထိုပစ်ခတ်မှုကြောင့် ROM အဖွဲ့မှ ရဲဘော်တစ်ဦး သေနတ်ကျည်ရှပ်မှန်ခဲ့ပြီး ဆေးကုသမှုခံယူနေရကာ ဘေးကင်းလုံခြုံမည့် အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ရသည်ဟု ဗိုလ်ဖီးနစ်က ပြောသည်။

စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်ကြောင့် ပြေးလွှားရှောင်တိမ်းနေရသော်လည်း မန္တလေးအခြေစိုက် UGမဟာမိတ်တပ်ပေါင်းစုနှင့် ပူးပေါင်းပြီး ယနေ့(မေ ၁၀)တွင် စစ်ကောင်စီလက်ပါးစေ သွေးသောက်အဖွဲ့တစ်ခုမှ ဒုခေါင်းဆောင်နှင့် အဖွဲ့ဝင်တစ်ဦးကိုရှင်းလင်းသည့် တိုက်ခိုက်ရေး Mission ၌ ROM အဖွဲ့သာများလည်း ပူးပေါင်းပါဝင်ခဲ့သည်။

“မန္တလေးမြို့ နဲ့အတူ ပြည်သူများနဲ့ အမြဲအတူရှ်ိနေပါတယ်”ဟု ROM က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

တစ်ဖက်တွင်လည်း နမ့်ဖက်ကာတွင် စစ်ရေးအခြေအနေ ရှုပ်ထွေးနေ၍ စစ်ရှောင်နေသည့် ပြည်သူများ နေအိမ်များသို့ ပြန်လည်နေထိုင်ခြင်းမပြုသေးရန် KIAက အသိပေးတိုက်တွန်းထားသည်။

သတင်း

မိုးဗြဲမြို့၌ စစ်ကောင်စီတပ်စွဲထားသည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း၊ စည်ကား၂ ကျေးရွာဒေသများရှိ စခန်း (၈)ခုကို ကရင်နီပူးပေါင်းတပ်များက '၁၁၁၁ စစ်ဆင်ရေး'အတွင်း ကနဦး သိမ်းပိုက်ထားနိုင်သည်။

သတင်း

ကျဆုံးရဲဘော် နှစ်ဦးမှာ ရဲဘော်ချစ်တိုးနှင့် ရဲဘော်မှတ်ကြီးတို့ဖြစ်ပြီး သတ်ဖြတ်ခံရသည့် ပြည်သူ နှစ်ဦးမှာ ကိုမောင်မောင်နှင့် မယဉ်အေးတို့ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။