Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ဇီးဖြူကုန်းရွာကို ဗိုလ်နဂါးဦးဆောင်သည့်တပ် တိုက်ခိုက်၍ စစ်​အုပ်စုအထိနာ

“စစ်ကောင်စီတပ်က ဘယ်လောက်ထိခိုက်လည်းဆိုတာ လေယာဥ်ပစ်ကူ နှစ်ကြိမ်တိုင်တိုင် လာပေးရ တာကိုကြည့်ရင် သိနိုင်ပါတယ်။တပ်စွဲနေတဲ့ရွာထဲထိဝင်ပြီး ထိပ်တိုက်ရင်ဆိုင်ကြတာ”ဟု ပုလဲ (ပ.က.ဖ) တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

▪️မြန်မာ့တော်ဝင်နဂါးတပ်​​တော်မှ ရဲ​ဘော်တစ်ဦး ကျဆုံးခဲ့ရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ဇီးဖြူကုန်း​ကျေးရွာကို ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA)က ဝင်တိုက်ရာ စစ်ကောင်စီတပ်အထိနာ၍ လေယာဥ်ပစ်ကူ နှစ်ကြိမ်တိုင် ပြုလုပ်ခဲ့ရကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက People’s Springသို့ ပြောသည်။

ယနေ့(မေ ၁၀ ရက်) နေ့လယ် ၁၂ နာရီခန့်က ဇီးဖြူကုန်းရွာသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို စတင်ခဲ့ပြီး နောက်ရွာအတွင်းထဲသို့ MRDA တပ်ဖွဲ့နှင့် ပုလဲအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်စီးနင်းနိုင်ခဲ့သည်ဟု ဆိုသည်။

“စစ်ကောင်စီတပ်က ဘယ်လောက်ထိခိုက်လည်းဆိုတာ လေယာဥ်ပစ်ကူ နှစ်ကြိမ်တိုင်တိုင် လာပေးရ တာကိုကြည့်ရင် သိနိုင်ပါတယ်။တပ်စွဲနေတဲ့ရွာထဲထိဝင်ပြီး ထိပ်တိုက်ရင်ဆိုင်ကြတာ”ဟု ပုလဲ (ပ.က.ဖ) တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် Mi-35 လေယာဥ်တစ်စီးဖြင့် ယနေ့ နေ့လယ် ၂ နာရီ ခွဲခန့်ကစ၍ မိနစ် ၄၀ကြာ ပထမတစ်ကြိမ် ပစ်ကူပေးခဲ့ပြီးနောက် ည ၆နာရီခွဲခန့်တွင်တစ်ကြိမ် မိနစ် ၂၀ကြာပစ်ခတ်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲတွင် MRDA မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း ပုလဲအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့များက အတည်ပြုသည်။

“MRDA က ဝင်စီးတဲ့ နေ့လည်ပိုင်း တိုက်ပွဲမှာ ကျတာ။ကျန်တဲ့ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်”ဟု Pale Head Quarters မှ တာဝန်ရှိသူက ရှင်းပြသည်။

ယနေ့ တိုက်ပွဲနှင့် ဆက်စပ်၍ MRDA ဦးဆောင်သူ ဗိုလ်နဂါးထံ ဆက်သွယ်​မေးမြန်းခဲ့သော်လည်း အဆက် အသွယ်မရရှိသေးပေ။

ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသည့် အင်မထီးနှင့် ဇီးဖြူကုန်းရွာသည် ပျူစောထီးအမာခံကျေးရွာနှစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။