Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းကင်းနှင့် ကလေးဝလမ်းပိုင်းနှစ်ခုအား ယာယီပိတ်ထားကြောင်း မင်းကင်းPDF သတိ​ပေးထုတ်ပြန်

သတိပေးချက်အား မလိုက်နာဘဲ ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားပါက လုံးဝတာဝန်ယူမည် မဟုတ်ကြောင်း၊ပြန်လည် အသုံးပြုရမည့် အချိန်ကို အသိပေးထုတ်ပြန်ပေးမည်ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့က အသိပေးသည်။

(ဖြတ်သန်းခွင့်ယာယီပိတ်ထားသော မင်းကင်းမြို့နယ်ရှိ လမ်းပိုင်းတစ်ခုပေါ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များအား တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် တောင်တွင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားနေ၍ မင်းကင်းနှင့် ကလေးဝလမ်းပိုင်းနှစ်ခုအား ယာယီပိတ်ထားကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

တောင်တွင်းဒေသတွင် ထိတွေ့မှု ဖြစ်ပွားနေသောကြောင့် ကလေးဝ – ယာကြီး လမ်းပိုင်း၊ မင်းကင်း – တောင်တွင်း လမ်းပိုင်းတို့အား အသုံးပြုမှု ယာယီရပ်ထားပါရန် မင်းကင်းပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့က ယနေ့(မေလ ၁၁ရက်) နံနက်ပိုင်းတွင် အသိပေးကြေညာသည် ။

Public Service Announcement

Public Service Announcement

သတိပေးချက်အား မလိုက်နာဘဲ ထိခိုက်မှုတစ်စုံတစ်ရာ ဖြစ်ပွားပါက လုံးဝတာဝန်ယူမည် မဟုတ်ကြောင်း၊ပြန်လည် အသုံးပြုရမည့် အချိန်ကို အသိပေးထုတ်ပြန်ပေးမည်ဟု မင်းကင်းပြည်သူ့ကာကွယ်ရေးတ​ပ်ဖွဲ့က အသိပေးသည်။

မေလ ၈ ရက်က တောင်လက်ဒေသ အထက်စသာရွာအနီးတွင် အကြမ်းဖက်စစ်တ​ပ်၊ ပျူစောထီးတို့နှင့် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ၃ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်နှင့်ပျူဘက်မှ ၁၁ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားနေ၍ မုံရွာ – မြင်းမူ – မန္တလေးလမ်းပိုင်း၊ ထီးဆောင်း-အရာတော် လမ်းပိုင်းနှင့် မြင်းမူမြို့နယ်အတွင်းရှိ မြို့နယ်ချင်းဆက် လမ်းပိုင်းများ၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း-မုံလှ ကွန်ကရစ်လမ်းပိုင်း၊ ခင်ဦး-ရေဦး လမ်းပိုင်း၊မင်းကင်း၊ ယင်းမာပင်၊ ဆားလင်းကြီးမြို့နယ်များရှိ မုံရွာ- ပုသိမ်လမ်းမကြီး၊ ဆားလင်းကြီး – ညောင်ပင်ကြီးလမ်းပိုင်းများအား မေလ၈ရက်မှစ၍ အရေးပေါ်ပိတ်သိမ်းလိုက်ကြောင်း ဒေသတွင်းPDFအဖွဲ့များက အသိပေးကြေညာထားသည်။